Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုသိမ်မြို့အား Clean City ဖြစ်လာစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့အား Clean City ဖြစ်လာစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ရပ်ကွက် နေပြည်သူများ စုပေါင်း၍ ပြည်တော်သာ ဝန်ထမ်းအိမ်ယာအတွင်း စုပေါင်းသန့်ရှင်းရေးအား ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၌ နေကြာဧက ၅၀ စိုက်ပျိုးရန်တောင်သူများနှင့် ဆွေးနွေး
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်တွင်းစားသုံးဆီဖူလုံ ရန်အတွက် နေကြာစိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နေကြာဧက ၅ဝ စိုက်ပျိုးရန် တောင်သူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိမြှင့်တင်ရေးအတွက် စာပေဝါသနာရှင် ကလေးငယ်များနှင့် ဝန်ထမ်းများပူးပေါင်း၍…
Oct 12,2022
ကလေးများ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန် အတွက်၊ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် ခရိုင်အဆင့် ၈ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေး ဆွေးနွေးပွဲကျ…
Oct 12,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်အဆင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်း(OSS)ရုံခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်၌ တစ်လုံးထိုးအင်ဂျင်ပြုပြင်နည်း သင်တန်းဖွင့်လှစ်
Oct 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး အင်ဂျင်ပြုပြင်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်း ပြုလုပ်
Oct 12,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းသား/သူများ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်ပြိုင်ပွဲများ ကျင်းပပြုလုပ်
Oct 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ သီတင်းကျွတ်ကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်ချက်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများ သံဃာ့ဒါန ဆွမ်းလောင်းအသင်းကြီး၏ ဆွမ်းသိမ်းပွဲပြုလုပ်
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများ၏ ဆွမ်းသိမ်းပွဲကို တောင်ပိုင်းရပ်ကွက်၊ မဂ္ဂင်လမ်းရှိ (စနေပတ်) သံဃာဒါန ဆွမ်းလောင်းအသင်းကြီး၏ ဓမ္မာရုံတွင် ယနေ့ နံနက် (၅)နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆွမ်းလောင်းအသင်းကြီး၏ အကျိုးတော်ဆောင်များနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18401
Page
18402
Page
18403
Page
18404
Current page
18405
Page
18406
Page
18407
Page
18408
Page
18409
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department