Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မလှိုင်မြို့နယ်၊ ကံတွင်းကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေး
Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကံတွင်းကျေးရွာအတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၅)ခုမှ အကြီးအကဲများက ကံတွင်းကျေးရွာ၊ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲပိုင်းက ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်းစီစဉ်မှုဖြင့် အ.ထ.ကကျောက်ကြီးကျောင်းနှင့် အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းတို့တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအား ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ်
Oct 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ် ဧပြီ၊ မေ၊ ဇွန်လအတွက် အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက် ကလေးသူငယ်များ အား ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနတွင် ထောက်ပံ့ငွေ ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ပန်းအလှပြင် သင်တန်းဖွင့်လှစ်
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပန်းအလှပြင်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ခင်ဝင်းမာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်နှင့် အဖွဲ့ဝင်များနှင့် ပန်းအလှဆင်ခြင်းတွင် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့ သမိုင်းဝင်မဟာရွှေသာလျောင်း (ပေါင်းလဲကြီး)ဘုရားစာရေးတံမဲနှင့် ဆွမ်း ၊ ဆွမ်းဟင်းများ လောင်းလှူပွဲစည်းကားသိုက်မြိုက်စွာကျင်းပ
Oct 12,2022
တံတားဦးခရိုင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် တဲတော်ရာရပ်ရှိ သမိုင်းဝင် မဟာရွှေသာလျောင်း (ပေါင်းလဲကြီး)ဘုရားတွင် စာရေးတံမဲနှင့် ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူပွဲကို ယနေ့နံနက်(၈)နာရီကအဆိုပါဘုရား အာရုံစောင်းတန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်ရှိ ဘုရားကြီးကွက်သစ်(၄)လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့တွင်းလမ်းမများနှင့် ရပ်ကွက်လမ်းများတွင် ပြည်သူများ နှင့် ယာဉ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အဆင့် မြှင့်တင်ဆောင်ရွက်ခြင်း၊ ကွန်ကရစ်လမ်းများ ခင်းကျင်း ဆောင်ရွက် ပေးခြင်းနှင့် ရေစီးရေလာကောင်းမွန် စေရေး Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၃)ရပ်ကွက်၊ ဘုရားကြီး ကွက်သစ်(၄)လမ်းအားကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အထက် ကျောင်းပြင်ပကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ
Oct 12,2022
ရန်ကင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ အချိန် ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်း အတွင်းရှိ သာသနာ့ ဗိမာန်တော်ကြီးတွင် အသက် ၁၈ နှစ်အထက်များအား ပထမအကြိမ် Covaxin ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေး၊ မိုးကြိုးဘေးနှင့်မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်…
Oct 12,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အတွင်းဖြစ်ပွားခဲ့သော လေဘေး၊ မိုးကြိုးဘေးနှင့်မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18402
Page
18403
Page
18404
Page
18405
Current page
18406
Page
18407
Page
18408
Page
18409
Page
18410
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department