အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး  အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက  ပြုလုပ်ခဲ့သည်။
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့် မြို့နယ်အတွင်းရှိကျေးရွာနှစ်ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Oct 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁ဝ) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 12,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံကျေးရွာ စစ်မှုထမ်းဟောင်းအိမ်ရာဝင်းတွင် မှီတင်းနေထိုင်လျက်ရှိကြသော စစ်မှုထမ်းဟောင်းမိသားစုဝင်များအတွက် သန့်ရှင်း၍ ဘေးကင်းသောသောက်သုံးရေ  ရရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့စီစဉ်ပေးမှုဖြင့် စက်ရေတွင်း ၁ တွင်း ကို အခမဲ့တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက ပဲခူး-ကဝလမ်းမကြီးနှင့် လူစည်ကားရာလမ်းဆုံတို့တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကိုကျင်းပလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက စိန်ချောင်းကျေးရွာတွင် ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။