အမြို့မြို့အနယ်နယ်သတင်းများ

May 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို မေ(၁၀)ရက်နံနက်(၁၀) နာရီတွင် အဆိုပါဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 10,2022
ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအထူးကောင်းမွန်ရန်၊ မွေးဖွားသည့်ကလေးငယ်များ ဖွံ့ဖြိုးကျန်းမာသန်စွမ်းစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 10,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့် Grade - 5(သင်ရိုးသစ်) ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီက ဘူးသီးတောင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ် သင်ကြားလျက် ရှိကြောင်း သိရသည်။
May 10,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ Grade 5 သင်ရိုးသစ်မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
May 10,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများရှိစေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
May 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်၌ ဂေါ်ဖီထုပ်စိုက်ပျိုးမှု အောင်မြင်ထွန်းလျက်ရှိသည်။ “ဒီနှစ်ဂေါ်ဖီထုပ် စိုက်ပျိုးရေးစရိတ်က ယခင်နှစ်ကထက်နည်းနည်းများတယ် နွေရာသီမှာ ရေသွင်းစိုက်ပျိုးတော့ ဆီဈေးနဲ့ မြေဩဇာဈေးကများတော့ စိုက်ပျိုးရေးစရိတ်များသွားတယ်၊ ယခု ဂေါ်ဖီထုပ်တစ်ထုပ်ကို (၁၀၀)ကျပ်နဲ့ ဈေးပေါက်နေတယ် ဒီဈေးနဲ့ဆိုရင်တော့ အရှုံးပေါ်တယ်၊ ကုန်စိမ်းသီးနှံက တစ်ပတ်နဲ့တစ်ပတ်မတူတော့ ဈေးကောင်းဖို့ဘဲ မျှော်လင့် ရမယ်၊ ဂေါ်ဖီထုပ်တော့ အပင်ကောင်းနေပြီ ဈေးကောင်းဖို့ဘဲလိုတော့တယ်” ဟု နောင်ယဉ်ကျေး ရွာမှ ဂေါ်ဖီထုပ်စိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။
May 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပညာရေးဌာနမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများအား GRADE-5 သင်ရိုးသစ်သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊