Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မုဒုံမြို့နယ်တွင် တန် (၆၀) ကျ ဆန်ကြိတ်ခွဲစက် တည်ဆောက်မည့်လျာထားမြေနေရာ သတ်မှတ်
Oct 25,2022
မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များကိုအခြေခံသည့် ပြည်တွင်းထုတ်ကုန်များ ပိုမိုအားကောင်းစွာထုတ်လုပ်နိုင်ရန်နှင့် ဒေသတွင်းတောင်သူများ စီးပွားရေး အခွင့်အလမ်းများ ကောင်းမွန်စေရန် ရည်ရွယ်၍ မုဒုံမြို့နယ်တွင် တန် (၆၀) ကျဆန် ကြိတ်ခွဲစက် တည်ဆောက်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ငွေမိုးဟိုတယ်၌ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အောင်သဇင် စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျ…
Oct 25,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင်အခွင့်အလှမ်းများ ရရှိစေရေးအတွက် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူသင်တန်းနှင့် လက်ရက်ကန်း သင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Oct 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကျွန်းတော(မြောက်)ရပ်ကွက်၊ လူစည်ကားနေရာများတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ် တောညုကျေးရွာတွင် အရေပြားအကျိတ်နာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Oct 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ရုံးဝန်ထမ်းများက အရေပြားအကျိတ်နာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက တောညုကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်
Oct 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှုမရှိစေရန်ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်ရေးကို ယမန်နေ့နံနက်(၉)နာရီအချိန်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်လမ်း၊ ညောင်ကန်အေးသာသနာ့ရိပ်သာဘုန်းတော်ကြီးကျောင်း အနီးရှိရိုးကြီးချောင်းတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက ဒေသအတွင်း အမျိုးသမီးငယ်များ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသ အမျိုးသမီး အိမ် တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ် ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး ကျေးရွာ အထကခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Oct 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၁:၀၀)အချိန်က တောင်ဥက္ကလာပမြို့နယ် ပညာရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18229
Page
18230
Page
18231
Page
18232
Current page
18233
Page
18234
Page
18235
Page
18236
Page
18237
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department