အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ထီးလှိုင်ကျေးရွာအုပ်စု၊ ထီးလှိုင်အနောက်ကျေးရွာ ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
Oct 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ အား ဖိတ်ကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း သဘာဝမြေသြဇာဖြင့် စိုက်ပျိုးထားသည့် တောင်သူပညာပေး စိုက်ခင်းမှ အသီးအနှံ ဟင်းသီးဟင်းရွက်များ ခူးဆွတ်၍ မိသားစုများ စားဝတ်နေရေး အဆင်ပြေစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Oct 25,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Oct 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လှိုင်းတက် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေးများ ဖိတ်ခေါ်၍ (၂၇-၉-၂၀၂၂)ရက်နေ့ Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင်ထွန်းနေလှိုင် (နောင်ပိန်) ရေးသားထားသည့် ‘လူငယ်များစာများများဖတ်ကြပါ’ ဆောင်းပါးအား စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
Oct 25,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centreခန်းမတွင်  မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများ၊ အကများကို
Oct 25,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းဝင်ကျေးရွာ(၄)ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ချေးပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁ဝ) နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။