အမြို့မြို့အနယ်နယ်သတင်းများ

May 11,2022
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ဦးချင်း၀င်ငွေ တိုးတက်ရရှိလာစေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မေ(၁၆)ရက်မှ (၂၀)ရက်နေ့အထိ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ အေးမြသာယာအဆင့်မြင့်ဈေး အပေါ်ထပ် ၃ လွှာ C ရုံ 3D(ဒစ်ဂျယ်တယ်ရုပ်ရှင်ရုံ)အနီးတွင် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
May 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စံညီစာကြည့်တိုက် (၄)တိုက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအ‌ခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီက အ.ထ.က မိုင်းဆတ်ရှိ မြတ်ပညာခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
May 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဒေသခံတိုင်းရင်းသူ အမျိုးသမီးငယ်များဘ၀ မိမိကိုယ်ပိုင်၀င်ငွေရရှိအောင် လုပ်ကိုင်နိုင်ရန်အတွက် အခြေခံစက်ချုပ်သင်တန်းကို မေလအတွင်း ကချင်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မြစ်ကြီးနားမြို့)၌ အခမဲ့ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
May 11,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာသီရိမြို့နယ် ကြက်ခြေနီအသင်း (ခွဲ)တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
May 11,2022
ရခိုင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်သူရ၊ အတွင်းရေးမှူး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
May 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မိုးများသည်းထန်စွာရွာသွန်းပါက ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ အဆိုပါရေကြီးရေလျှံမှုအားကာကွယ်ရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ စက်ယန္တရား အကူအညီဖြင့် ယနေ့ နံနက် ၈ နာရီအချိန်က J My King ဟိုတယ်အနီး တံတားတွင် ပိတ်ဆို့နေသောအမှိုက်များကို ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
May 11,2022
မကွေးတိုင်းဒေသကြီး ကံမမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများနှင့် အသက်(၁၅)နှစ်အထက် (၁၈)နှစ်အကြား လူငယ်များ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်သာသနာ့ဗိမာန်တွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။