Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် Fitness Dance ရိုက်ကူးထုတ်လွှင့်
Oct 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ အားကစားခန်းမတွင် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က လှိုင်းတက် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေးများအား ဖိတ်ခေါ်၍ Fitness Dance ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ နေကြာစပ်မျိုး မျိုးစေ့ထုတ်စိုက်ခင်းနှင့် မိုးစပါးအထူးထွက်တိုးစံပြစိုက်ခင်း အောင်မြင်နေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု…
Oct 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်ခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း စိုက်ပျိုးထားရှိသော နေကြာစပ်မျိုး မျိုးစေ့ထုတ်စိုက်ခင်းနှင့် မိုးစပါးအထူးထွက်တိုးစံပြစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုများကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြို့နယ်စိုက်/ကြပ် အဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့်အဖွဲ့ဝင်များ၊ စိုက်ခင်းတာဝန်ခံ တောင်သူများက အဆိုပါစိုက်ခင်းနေရာသို့ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ဝါးပိုးများရောင်းအားကောင်း၍ ဝါးပိုးရှာဖွေရောင်းချသူများအဆင်ပြေ
Oct 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဝါးပိုးများ ရောင်းအားကောင်းပြီး စျေးကောင်းလည်းရနေသောကြောင့် ယခုအခါ ဝါးပိုးရှာဖွေ ရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေနေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေ…
Oct 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ် ကျီးချောင်းကျေးရွာသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံပေါက်ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာ၊ ဗုဒ္ဓရိပ်ငြိမ်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ တရား ဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်
Oct 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများသည် ဌာနအသီးသီးရှိ စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ညနေပိုင်းက Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Oct 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့ သုတ၊ ရသစာအုပ်များ အခမဲ့ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း၊ အဆင့်မြင့်အိမ်တွင်းမှုစက…
Oct 26,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမတွင်ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ချီးမြှင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18218
Page
18219
Page
18220
Page
18221
Current page
18222
Page
18223
Page
18224
Page
18225
Page
18226
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department