Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့ကရိတ်မြို့နယ်တွင် ပထမပြန်စာအောင် သံဃာ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
May 12,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်ပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာ၊ သီလရှင်လူပုဂ္ဂိုလ်တို့အား အောင်လက်မှတ်နှင့် စာအောင်ဆုဆက်ကပ်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၆) ရပ်ကွက် မြို့မ ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်ပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာ၊ သီလရှင်လူပုဂ္ဂိုလ်တို့အား အောင်လက်မှတ်နှင့် စာအောင်ဆုဆက်ကပ်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၆) ရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၊ ပလောက်မြို့၊ ညောင်ရှင်ကုန်းကျေးရွာရှိ လယ်မြေတွင် မြေဆွေးပုံပြုလုပ်ထည့်သွင်း နည်းပညာပေးပွဲကျင်းပ
May 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၌ လယ်မြေတွင် မြေဆွေးပုံပြုလုပ်ထည့်သွင်းနည်းပညာပေးပွဲကိုယနေ့ နံနက်(၇)နာရီခွဲ အချိန်က ညောင်ရှင်ကုန်းကျေးရွာရှိတောင်သူ ဦးသန်းလွင် ကွင်းအမှတ်(၆-ခ)၊ ဦးပိုင်အမှတ်(၂၂၃/၁)လယ်မြေတွင်တိုင်းဒေသကြီးမြေ အသုံးချရေးဌာနခွဲ၏ ဦးဆောင်မှုဖြင့် EM-ဘိုကာရှီမြေဆွေးပုံပြုလုပ်ထည့်သွင်းခြင်းကို စံပြအနေဖြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အသိပညာပေးပွဲတွင် ပလောက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက EM-ဘိုကာရှီမြေဆွေးပုံပြုလုပ်ထည့်သွင်းနည်းကို အသေးစိတ်ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းတွင်လာအိုနိုင်ငံမှ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမား (၁၈၂) ဦးကို မြန်မာတာဝန်ရှိသူများလက်ခံ
May 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၁၀၀)ဦး၊ အမျိုးသမီး( ၈၂) ဦးစုစုပေါင်း(၁၈၂)ဦးကို ယနေ့နံနက်(၁၁)နာရီအချိန် မြန်မာတာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်(၂၀၂၂)တွင် ကရင်ပြည်နယ်မှ အာဆီယံခရီးသွားလုပ်ငန်းဆု ၁၁ ဆု ရရှိခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှထပ်ဆင့်ဂုဏ်ပြုချီးမြှင့်
May 12,2022
ကမ္ဘောဒီးယားနိုင်ငံ၊ ပရိဆီဟာနုပြည်နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော အာဆီယံခရီး သွားဖိုရမ်(၂၀၂၂)၌ ကရင်ပြည်နယ်မှ အာဆီယံခရီးသွား လုပ်ငန်းဆု(၁၁)ဆုရရှိခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို မေလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ Zwekapin Valley Resort & Spa Hotel ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
May 12,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက် ဘစီးတီး)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုမိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး )၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နည်းပညာတက္ကသိုလ်(ဘားအံ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်) ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ပွဲအခမ်း…
May 12,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် (ဘားအံ)၏ ဘွဲ့ကြို(ပထမနှစ်) ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက နည်းပညာတက္ကသိုလ် (ဘားအံ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ် ကံဘေးအိုင်ကျေးရွာတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူစိုက်ပျိုးနည်းပညာပေး သင်တန်း ပြုလုပ်
May 12,2022
ရွှေကျင်မြို့နယ်၊ ကံဘေးအိုင်ကျေးရွာတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား
May 12,2022
၂၀၂၂ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များအားလုံး အတန်းစုံဖွင့်လှစ်လျက်ရှိရာ ပဲခူးတက္ကသိုလ်၌ ယနေ့ နံနက် ၉ နာရီက ပထမဆုံး ကျောင်းစဖွင့်သည့်ရက်တွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18167
Page
18168
Page
18169
Page
18170
Current page
18171
Page
18172
Page
18173
Page
18174
Page
18175
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department