Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နည်းပညာတက္ကသိုလ်(မကွေး)နှင့် ကွန်ပျူတာတက္ကသိုလ်(မကွေး)တို့တွင် ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲပြုလုပ်
May 12,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (မကွေး) နှင့် ကွန်ပျူတာတက္ကသိုလ် (မကွေး)တို့တွင် ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါတက္ကသိုလ်အသီးသီးရှိ ဘွဲ့နှင်းသဘင်ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ တောင်မြင်းပြိုင်ကွင်းလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် အထူးအလေးထားဆောင်ရွက်
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ တောင်မြင်းပြိုင်ကွင်းလမ်း တစ်လျှောက် သန့်ရှင်းသာယာလှပပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၏ လမ်းညွှန်မှုအရ ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သက်ဆိုင်ရာ ဌာနများပူးပေါင်း၍ ယနေ့နံနက်ပိုင်း အချိန်က အဆိုပါလမ်း၏ ဘေးဘက်ဝဲယာတစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ လူသွားစင်္ကြန်လမ်းများအား ပြုပြင်ပြင်ဆင်ခြင်း၊ လမ်းလယ်တုံးများအား ဆေးသုတ်ခြင်းစသည့်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့တွင် ဘွဲ့ကြို(ပထမနှစ်) စတင် ဖွင့်လှစ်
May 12,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ် (တောင်ငူ) နှင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) တို့တွင် ယနေ့ နံနက်ပိုင်းက ဘွဲ့ကြို (ပထမနှစ်) စတင်ဖွင့်လှစ်ကာ တက်ရောက်ကြသည့် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများက ဦးဆောင်၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်…
May 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ စိန်ပန်းနီလမ်းနှင့် ထင်းရှူးလမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အဆိုပါ လမ်းဖွင့်ပွဲ မုဒ်ဦးရှေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
May 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ ကျန်းမာရေးဌာနနှင့် အမျိုးသားငှက်ဖျားတိုက်ဖျက်ရေးစီမံချက်တို့ ပူးပေါင်း၍ UNOPS / GFRAI3E တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်ရေး စီမံကိန်းအသိပေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသား/သူ (၁၄၈)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိ
May 12,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား မေလ ၁၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိရာ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေး ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသား/သူ(၁၄၈)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့ရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များပြန်လည်ဖွင့်လှစ်
May 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား ယနေ့နံနက်ပိုင်းမှစတင်၍ ပညာသင်နှစ်အလိုက် အတန်းများ ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး VDP စီမံကိန်းကျေးရွာများ ရွေးချယ်ရေး အစည်းအဝေးကျင်းပ
May 12,2022
မွန်ပြည်နယ် ရေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် VDP စီမံကိန်းကျေးရွာ ရွေးချယ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုခဲ့လုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18170
Page
18171
Page
18172
Page
18173
Current page
18174
Page
18175
Page
18176
Page
18177
Page
18178
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department