Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများအား စတင်ဖွင့်လှစ်သင်ကြားပေး
May 12,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ စီးပွားရေးတက္ကသိုလ်တွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းကစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်း လိုက်နာစေရေးအတွက် ယနေ့နံနက် ၇ နာရီက လူစည်ကားရာ နေရာများတွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဒဂုံတက္ကသိုလ် စတင်ဖွင့်လှစ်၍ ကျောင်းသား / သူများ ပညာသင်ကြား
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ ဒဂုံတက္ကသိုလ်အား ယနေ့ နံနက်ပိုင်း ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ရာ တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ကျောင်းအုပ်ဆရာ / ဆရာမကြီး များ၊ မေဂျာအလိုက်နည်းပြ၊ သရုပ်ပြဆရာ / ဆရာမများနှင့် ကျောင်းသား / သူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၊ ပညာရေးဒီဂရီကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်
May 12,2022
နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်နိုင်ရန်အတွက် အလုပ် အကိုင်အခွင့်အလမ်းများကိုရယူအသုံးချကာ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်သော ဘွဲ့ရလူငယ်မောင်မယ်ပညာတက်များ မွေးထုတ်ရေးကိုဦးတည်လျက် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းများ ယနေ့နံနက်ပိုင်းက တစ်ပြိုက်တည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် ဆေးထိုးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
May 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများက ဆေးထိုးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက်(၈)နာရီမှစ၍ ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်၌ ၄ နှစ်သင် ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းသား၊ သင်တန်းသူများနှင့် ၄ နှစ်သင် ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်းသူ၊ သင်တန်းသားများအ…
May 12,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ ၄ နှစ်သင် ပထမနှစ် (ပထမနှစ်ဝက်) တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် ၄ နှစ်သင် ပထမနှစ်(ဒုတိယ နှစ်ဝက်)တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများကို ယနေ့နံနက် ၉ နာရီမှ စတင်ကာ အဆိုပါ ပညာရေးဒီဂရီကောလိပ်တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ခြင်း အတွေ့အကြုံနှင့် သင်ခန်းစာများ မျှဝေဆွေးနွေးပွဲကျင်းပ
May 12,2022
ကုန်သည်စက်မှုအသင်းချုပ်မှ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားတွင် အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ အတွေ့အကြုံနှင့် အလုပ်ရှင်များအတွက် လေ့လာမှတ်သားဖွယ်ရာ သင်ခန်းစာများအား ပြန်လည်ရှင်းလင်းဆွေးနွေး ပေးမှုများကြောင့် အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ရာတွင် အထောက်အကူရစေရန် ရည်ရွယ်ချက်ဖြင့် အသိပညာရှင်များ၊ အတတ်ပညာရှင်များအား ဖိတ်ခေါ်၍ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ခြင်း အတွေ့အကြုံနှင့် သင်ခန်းစာများ မျှဝေဆွေးနွေးပွဲကို ယမန်နေ့တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နည်းပညာတက္ကသိုလ် (မန္တလေး)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
May 12,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (မန္တလေး)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါတက္ကသိုလ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18168
Page
18169
Page
18170
Page
18171
Current page
18172
Page
18173
Page
18174
Page
18175
Page
18176
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department