အမြို့မြို့အနယ်နယ်သတင်းများ

May 14,2022
ကဆုန်လပြည့် (ဗုဒ္ဓနေ့) ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ (၁၀၃)ကြိမ်မြောက် ကဆုန်‌ညောင်ရေသွန်းပွဲတော်ကို အခမ်းအနားအစီအစဉ်နှစ်ရပ်ဖြင့်ကျင်းပခဲ့သည်။
May 14,2022
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြင်စလူမြို့တွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) စုပေါင်းကြဲပက်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ကုန်းကြီးကျေးရွာအုပ်စု ကွင်းအမှတ် N/15 တွင် ကျင်းပပြုလုပ်ခဲ့သည်။
May 14,2022
ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မော်လ​မြိုင်ခရိုင်၊ သံဖြူဇရပ်​မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက စာရေးအောင်သင်း​ရေးသားသည့် “အနာဂတ်လူငယ်နှင့်အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
May 14,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ Online စနစ်ဖြင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အသိပညာပေး (Talk Show)ကို  ယမန်နေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
May 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ရုံးပြည်သူ့စာကြည့်တိုက်ခန်းမ၌ ဆောင်ရွက်သည်။
May 14,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကဆုန်ညောင်ရေသွန်း ပွဲတော်အား ရိုးရာအစဉ်အလာမပျက် ကျင်းပရာ ယနေ့ ကဆုန်လပြည့်နေ့ မေလ ၁၄ရက်နေ့ နံနက်ပိုင်းက မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော် ပရဝုဒ်အတွင်းရှိ ဗုဒ္ဓဂါယာမှ ပင့်ဆောင်ခဲ့သည့် ဗောဓိပင်အား ခရိုင်နှင့် မြို့နယ်အဆင့် ဌာဆိုင်ရာများ၊ မြို့နေ ဗုဒ္ဓဘာသာဝင် ပြည်သူများ စည်ကားသိုက်မြိုက်စွာ ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။