အမြို့မြို့အနယ်နယ်သတင်းများ

Nov 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး Centre တွင် ယနေ့​ နံနက် (၉) နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ(၁၀)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ (၂၅) ဦးနှင့် Booster Dose ထိုးနှံသူ (၈၅) ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၁၂၀) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 01,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသတွင်းအာလူး မျိုးကောင်းမျိုးသန့်ပွားများ ရရှိစေရန်နှင့် ဒေသခံတောင်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိပြီး ဝင်ငွေပိုမိုတိုးတက်လာကြစေရန်တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီက "ဝ"တောင်တန်း မျိုးစေ့ထုတ်လုပ် ငန်းသမဝါယမအသင်းဝင် တောင်သူ ဉီးထွန်းလူ၏ ကိုင်းကျွန်းမြေ နှစ်ဧကခွဲ ကွင်းအမှတ်(၈)၌ အာလူးမျိုးသန့်ပွား(မျိုးစေ့ထုတ်)စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Nov 01,2022
၂၀၂၂-၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်(၁၀.၀၀)ဧက စိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို နိုဝင်ဘာ(၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ကောင်ကထောင်နှင့် လုံးစွတ်ရပ်ကွက်ကြား မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းမကြီးဘေး စိုက်ပျိုးရေးဦးစီးဌာနပိုင်လယ်၌ ကျင်းပသည်။၊
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ် ၊ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို နိုဝင်ဘာ ၁ ရက်နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းအာရေးဦး စီးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၃၄)ကြိမ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည် နေ့ အထိမ်းအမှတ်အဖြစ် ချမ်းမြေ့ဘိုးဘွားရိပ်သာရှိ သက်ကြီး ဘိုးဘွားများအား ထမင်းနှင့်အာဟာရများ ပေးအပ်လှူဒါန်းပွဲအား ယနေ့ နံနက် ၁၁ နာရီအချိန်က အမှတ် (၁၃) ရပ်ကွက်၊ ချမ်းမြေ့ဘိုးဘွားရိပ်သာ၌ ဆောင်ရွက်သည်။
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယနေ့နံနက်(၈)နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် (၃၃)ကြိမ်မြောက် စုပေါင်းဘုံကထိန် လှည့်လည်ပွဲနှင့် ပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ ကို နိုဝင်ဘာလ (၄) ရက် နံနက် (၆)နာရီတွင် စည်ကားသိုက်မြိုက်စွာ မြို့တွင်း တစ်ပတ်လှည့်လည်သွားမည် ဖြစ်ကြောင်း သိရသည်။