အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျေင်း (ပုလုပ်တောင်)ပညာရေး မိသားစု စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းကို ယနေ့နံနက် ၇ နာရီက ကထိန်လျာသင်္ကန်းနှင့်တကွ ပဒေသာပင်များအလှူရံပစ္စည်းများဖြင့် မြို့တစ်ပတ်လှည့်လည်ပြီး  ရမ်းဗြဲမြို့၊  ဒက္ခိဏာ ရမဝိဟာရ (တောင်ကျောင်း)  ပရိယတ္တိစာသင်တိုက်တွင်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Nov 03,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် အ.ထ.က-ပေါက်တော မိသားစု စုပေါင်းမဟာဘုံကထိန် လှည့်လည်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာစီတန်း လှည့်လည်ခဲ့သည်။
Nov 03,2022
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ "ဒေါက်တာကျော်စိန်"ရေးသားသည့် "လူငယ်လမ်းညွှန်" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီ အချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Nov 03,2022
၂၀၂၂ခုနှစ်၊ နိုဝင်ဘာ (၁၇)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက သင်္ဂတုန်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊  နံရံကပ်စာစောင်၊  ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများသွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 03,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၌ ရပ်ဝေးဒေသများမှပြန်လာကြသူများ၊ စျေးရောင်းကြသူ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ၊မရှိသိရှိနိုင်စေရေးအတွက် (RDT) Tast kit ဖြင့် အခမဲ့စစ်ဆေး ပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေး စုပေါင်းစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍  ထပ်မံ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
Nov 03,2022
တံတားဦးခရိုင်၊ တံတားဦးမြို့၌ မိုးဦးကလတွင် စတင်စိုက်ပျိုးထားသော မြေပဲများ စတင်နှုတ်သိမ်းနေပြီဖြစ်ရာ အထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း သူငယ်တော်ကျေးရွာ မြေပဲစိုက်တောင်သူ ဦးဝင်းအောင်ထံမှ သိရသည်။
Nov 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။