Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (၁၀၃၂၇) ဦးထိုးနှံပြီးဖြစ်
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁) နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ (၃၃၀၅၄၈) ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ (၁၀၃၂၇) ဦး စုစုပေါင်း (၃၄၀၉၇၅) ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ” ကျောင်းအပ်နှံ ရေးသီတင်းပတ် မြေစိုက်ပိုစတာ မြိတ်မြို့တွင် စိုက်ထူ
May 19,2022
၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရန်နှင့်အခြေခံ ပညာသင်ယူခွင့်ရရှိစေရန်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မေလ(၁၉)ရက် နံနက်ပိုင်းက မြိတ်မြို့ရှိ ခရိုင်ပညာရေးမှူးရုံးနှင့် မြို့ နယ်ပညာရေးမှူးရုံးတို့က ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
May 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ သရက်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များက ယနေ့နံနက်(၁၀)နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပေးဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ
May 19,2022
ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးနေ့သီတင်းပတ် အသိပေးဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းဝင်ကောင်းမှုလုံစေတီတော်၊ ရွှေစည်းခုံစေတီတော်နှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးများအား ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာကျင်းပ
May 19,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ သမိုင်းဝင်ကောင်းမှုလုံစေတီတော်၊ ရွှေစည်းခုံစေတီတော်နှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးများအား ယနေ့နံနက် ၈ နာရီမှစတင်၍ ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
May 19,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူ
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အသိပညာပေး ဗီနိုင်းပိုစတာကို ယနေ့ နံနက် ၉ နာရီအချိန်က မအူပင်မြို့ ရေလဲလမ်းမကြီး ဗိုလ်ချုပ်ကြေးရုပ်အနီး၌ စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18074
Page
18075
Page
18076
Page
18077
Current page
18078
Page
18079
Page
18080
Page
18081
Page
18082
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department