အမြို့မြို့အနယ်နယ်သတင်းများ

May 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”  အသိပေး မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက  စစ်တွေမြို့ ဦးဥတ္တမပန်းခြံ အရှေ့မျက်နှာစာတွင် စုပေါင်းစိုက်ထူပေးကြကြောင်း သိရသည်။
May 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယမန်နေ့က  ပြည်နယ်ပညာရေးမှူး(ရုံးခွဲ)၊ ကျိုင်းတုံရုံးရှေ့၌စိုက်ထူခဲ့ကြောင်း သိရသည်။
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ မိုးရာသီအကြိုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီခွဲက သုံးဆယ်မြို့ကြိုးဝိုင်း၊ အကွက်အမှတ် (၆၁) စိုက်ကွင်း၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
May 20,2022
မော်လမြိုင်ခရိုင်၌ ပြည်သူများအနေဖြင့် စားသောက်နေထိုင်နိုင်ရေးအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုအကြောင်း ကာကွယ်‌ရေးအသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ကျင်းပ ပြုလုပ်ခဲ့ပါသည်။
May 19,2022
မိုးတွင်းကာလတွင် ဖြစ်ပေါ်လေ့ရှိသော လေပြင်းမုန်တိုင်းအန္တရာယ် ရေကြီးရေလျံခြင်း အန္တရာယ်များဖြစ်ပေါ်လာပါက ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိစေရန်အတွက် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နေ့လည် ၁ နာရီက ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
May 19,2022
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပညာ‌ရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဒဂုံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 19,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ် ဆရာ၊ ဆရာမများမှ စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ စတင်ဖွင့်လှစ်ခဲ့သည်။