အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အလုံခရိုင်၊ အလုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၁၀ နာရီက စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ သာမညဖလအခါတော်နေ့ တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Nov 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံ ပြည်သူများအား နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စော်ဘွားရပ်ကွက်တွင် အခြေခံစားသောက်ကုန်များအား ယနေ့နံနက် (၈) နာရီ အချိန်မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စေတနာရှင်ပရဟိတအဖွဲ့များကို တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ Volunteer စိစစ်ရေး ကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပသည်။
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ လျှပ်စစ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်(၁ဝ)နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့​သည်။
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်(၅၀) ပြည့် စုပေါင်းမဟာဘုံကထိန်အလှူတော်ကို ယနေ့နံနက် ၁၀နာရီက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အောင်ချမ်းသာမြတ်စွာဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 04,2022
စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အကာအကွယ်ပေး ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ်၊ လွိုင်ကော်မြို့ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ (၄/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့သည်။
Nov 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပသည်။