Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေကျင်မြို့နယ်တွင် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနား ကျင်းပ
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီက ရွှေကျင်မြို့နယ် ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ် ကျောက်တောကျေးရွာအုပ်စု၌ နယ်လှည့်ဆေးကုသမှုပေးခြင်းနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်…
May 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ပြည်သူများ အားနယ်လှည့်ဆေးကုသမှုပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့ နံနက် ၇ နာရီက ကျောက်တလုံးကြီးကျေးရွာ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုခရိုင်အတွင်းရှိ မီးဘေးသင့်ပြည်သူများနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ပြီး ကောင်းမှု…
May 19,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့၌ ခရိုင်အတွင်းရှိ မီးဘေးသင့်ပြည်သူများနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကောင်းမှုလုံစေတီတော်တွင် ဘုရားတည်လှူခဲ့သော မူလဘုရားဒါယကာများ၏ စကျင်ကျောက်သားရုပ်ထုများ ဖွင့်ပွဲအခမ်းအနားများသို့ မေ ၁၈ ရက်တွင် တက်ရောက်အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဦးစီးအရာရှိနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ ပညာရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနား Virtual စနစ်ဖြင့် ကျင်းပ
May 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်(တောင်ပိုင်း)ရပ်ကွက် ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးရှိ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း(ရန်ကုန်)၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဦးစီးအရာရှိနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် Virtual စနစ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူ
May 19,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၁၁ နာရီက လူစည်ကားရာနေရာများဖြစ်သော မော်တော်ယာဉ်လမ်းဆုံ မီးပွိုင့်အနီးနှင့် မြို့မဈေးကြီးအနီးတို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာအား ဇေယျာသီရိမြို့နယ် ပညာရေးမှူးရုံးတွင် စိုက်ထူ
May 19,2022
ဇေယျာသီရိမြို့နယ်ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ပညာရေးမှူးရုံးရှေ့ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၌ ယနေ့နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ မြေစိုက်ပိုစတာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်းပါရှိပြီး အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းသူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြေစိုက်ပိုစတာအားစိုက်ထူခဲ့ပြီး ပိုစတာအား အမွှေးနံသာများဖြင့် ပတ်ဖြန်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့နယ်တွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ဆိုင်းဘုတ်ထူခြင်းအခမ်းအနားပြုလုပ်
May 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေးအတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ဆိုင်းဘုတ်ထူခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က သိန္နီမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18076
Page
18077
Page
18078
Page
18079
Current page
18080
Page
18081
Page
18082
Page
18083
Page
18084
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department