မိတ္ထီလာ နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ဆောင်းနေကြာစိုက်ဧက နှစ်သောင်းလေးထောင်ကျော် စိုက်ပျိုးသွားရန် လျာထားကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာကို သီးသန့်၊ သီးညှပ်အဖြစ် ဒေသခံ တောင်သူများက စိုက်ပျိုးလျက်ရှိသည်။ ထိုသို့စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာကို သီးသန့်၊ သီးညှပ်အဖြစ် စိုက်ဧက ၂၄၃၃၀ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားသည်။ ယင်းသို့ သတ်မှတ် လျာထားရာတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၅စုမှ တောင်သူ ၁၈၆၄ ဦးက ဆောင်းနေကြာကို သီးသန့်စိုက်ဧက ၃၈၄၅ ဧက ၊ သီးညှပ်စိုက်ဧက ၁၂၈၂ ဧက နှင့် မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၄စုမှ တောင်သူ ၄၄၈၄ ဦးက သီးသန့်စိုက်ဧက ၉၈၀ ဧက၊ သီးညှပ်စိုက်ဧက ၆၉၅၇ ဧက တို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းအပြင် သာစည်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၆၈စုမှ တောင်သူ ၁၅၉၈ဦးက သီးသန့်စိုက်ဧက ၅၂၁၃ ဧက၊ သီးညှပ် စိုက်ဧက ၂၁၄၁ စိုက်ဧကနှင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိတွင် ကျေးရွာအုပ်စု ၅၃စုမှ တောင်သူ ၂၅၄၄ ဦးက သီးသန့်စိုက်ဧက ၂၂၉၇ ဧက၊ သီးညှပ်စိုက်ဧက ၁၆၁၅ ဧကတို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ယနေ့အထိ ဆောင်းနေကြာစိုက်ဧက ၁၁၅၃ ဧကစိုက်ပျိုးပြီးစီးပြီး ဖြစ်သည်။ ထိုသို့ ဆောင်းနေကြာများ စိုက်ပျိုးရာတွင် ဒေသခံတောင်သူများက ရေးဆင်း ၁ စပ်မျိုးနှင့် ဆင်းရွှေကြာ နေကြာမျိုးများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)