ရွှေသာယာမြို့မစျေးအတွင်း မီးဘေးကာကွယ်ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်

ချောင်းသာ နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ရွှေသာယာမြို့မစျေးကြီးတွင်း မီးဘေးကာကွယ်ရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့စည်ပင်သာယာရေး အဖွဲ့မှ ဦးဆောင်၍ တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့လျှပ်စစ်အင်ဂျင်နီယာအဖွဲ့၊ နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် စျေးကော်မတီအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က စျေးဆိုင်ခန်းများတွင် တပ်ဆင်အသုံးပြုနေသော မီတာဘောက်များ၊ လျှပ်စစ်ပစ္စည်းများနှင့် ဝါယာကြိုးများ ကြံခိုင်မှုနှင့် လုံခြုံမှုရှိ/မရှိစစ်ဆေးခြင်း၊ ဆိုင်ခန်းများတွင် အဆင်သင့်ဆောင်ထားသော မီးသတ်ဆေးဗူးများ၏ အရည်အသွေးပြည့်ဝမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် အရေးပေါ်အခြေအနေတွင် အသုံးပြုရန်အတွက် တပ်ဆင်ထားသော စျေးကော် မတီ၏ ရေတွင်း၊ ရေကန်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စျေးသူ၊ စျေးသားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ချောင်းသာ(ပြန်/ဆက်)