Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တလုံးကြီးမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အကြို စုပေါင်းသန်ရှင်းရေးဆောင်ရွက်
Nov 04,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ကျောက်တလုံးကြီးမြို့ အောင်ဓမ္မစေတီဘုရားတောင်ပေါ်နှင့်နောင်လုံရပ်ကွက် တို့တွင် ယနေ့နံနက် (၁၀) နာရီက ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အိမ်တွင်းအကြမ်းဖက်မှုများ လျော့နည်း ပပျောက်စေရေးနှင့် အမျိုးသမီး များ၏ အခွင့်အရေးများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းသို့ အသိပညာပေးကွင်းဆင်း ဆောင်ရွက်
Nov 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက အ.မ.က ဖောင်းကန်၊ ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
Nov 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရပ်စောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်စိမ်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ တောင်သူများအား ယူရီးယားဓာတ်မြေသြဇာအိတ်များ (ပဉ္စမအကြိမ်) ထောက်ပံ့ပေး
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုး ရာသီတွင် တောင်သူများ လယ်ယာထုတ်ကုန် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဓာတ်မြေသြဇာ စျေးနှုန်းကြီးမြင့်မှုကြောင့် အထွက်နှုန်းလျော့နည်းကျဆင်းမှု မဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော် သတ်မှတ်စျေးနှုန်း (၃၀၀၀၀)ကျပ် ဖြင့် ယူရီးယားဓာတ်မြေသြဇာအိတ်များ ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ် အလိုက် ခွဲတမ်းရရှိသောဓာတ်မြေသြဇာ အိတ်များကို ကျေးရွာအုပ်စုများသို့ ပြန်လည်ထုတ်ပေးနေမှုနှင့် ယာယီသိုလှောင် ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဂါလန်(၁၅၀၀၀၀) ဆံ့ ရေစစ်ကန်ဆောက်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှကြည့်ရှုစစ်ဆေး
Nov 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဂါလန် (၁၅၀၀၀၀)ဆံ့ ရေစစ်ကန်ဆောက်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ ယနေ့ နံနက် ၉နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာစိုက်ဧက နှစ်သောင်းလေးထောင်ကျော် စိုက်ပျိုးသွားရန် လျာထား
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ဆောင်းနေကြာစိုက်ဧက နှစ်သောင်းလေးထောင်ကျော် စိုက်ပျိုးသွားရန် လျာထားကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်
Nov 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18063
Page
18064
Page
18065
Page
18066
Current page
18067
Page
18068
Page
18069
Page
18070
Page
18071
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department