အမြို့မြို့အနယ်နယ်သတင်းများ

May 20,2022
ရန်ကင်းမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်သင်တန်းကို ပထနေ့ အစီအစဉ်အဖြစ် ယမန်နေ့ နံနက် ၉ မှ ညနေ ၃ အထိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကလေးငယ်များ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်စေရေး၊ ပိုးလောက်လန်းများပေါက်ဖွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဌာနက ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ အသင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များက ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ သိန္နီမြို့ ရပ်ကွက်(၁)တွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မန္တလာသီရီအားကစား ကွင်း၊ MULITIPURPOSE ခန်းမတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိခရိုင်(၇)ခရိုင်မှ ၂၅နှစ်အောက် ၀န်ကြီးချုပ်ဖလား (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်း အနားကို ယနေ့နံနက်  ၈ နာရီက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
May 20,2022
ကရင်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မော်လမြိုင်တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်  ၉ နာရီက မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
May 20,2022
မဟာ‌အောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား  မေလ ၂၀ ရက်နေ့ မွန်းတည်(၁၂)နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်းသိရသည်။
May 20,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီ လမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်(Astra Zeneca) ထိုးနှံသူ(၁၁)ဦး၊ ဒုတိယအကြိမ် (covishield) ထိုးနှံသူ(၁၁)ဦးနှင့် တတိယအကြိမ်Booster Dose ထိုးနှံသူ (၁၃၀)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၁၅၂)ဦးအား ထိုးနှံ ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
May 20,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီက ရေနံချောင်းတက္ကသိုလ် ပထမနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။