အမြို့မြို့အနယ်နယ်သတင်းများ

May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ တက္ကသိုလ်/ကောလိပ်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးလျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲက သမဝါယမကောလိပ်(မန္တလေး) ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
May 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လိုသည့် ရည်ရွယ်ချက်ဖြင့် ချစ်ကြည်ရေး အမျိုးသား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိသည်။
May 20,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး ဆရာ၊ဆရာမများ၊ သင်တန်းရေးရာဌာနမှူးနှင့် မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ယနေ့နံနက် ၇ နာရီက မြို့ပေါ်ရှိ ရွှေဥဒေါင်းရပ်ကွက်အတွင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 20,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တောင်ငူတက္ကသိုလ်တွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပသည်။
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း၊ ပုံမှန်ရောင်ချခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်း ရှိ /မရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့မှ ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။