အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင်  မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက် ငှားရမ်းပေးကြသည်။
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ အောင်မြေရတနာကျောင်းတိုက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကြီးမှူး၍ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ ပါဝင်လှူဒါန်းသော စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့်  ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံ နက်ပိုင်းတွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းရှိ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ဇနီး ဒေါ်အေးအေးနွယ်တို့တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
Nov 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးဌာနမှ မွေးမြူရေးကုန်ထုတ်လုပ်မှု တိုးတက်စေရေးအတွက် တိရစ္ဆာန်အစာ (အစာနု)များကို မြို့နယ်အတွင်းရှိ နို့စားနွားနှင့်အသားစားနွား မွေးမြူသူများအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Nov 04,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၏ အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၊ (၁၆၀) ပေ၊ (၈၀) ပေ (၄) ထပ် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်မည့် မြေနေရာ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် mobile library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက သမဝါယမဦးစီးဌာန၊ မြို့နယ်တိုင်းရင်း‌ဆေးကုဌာနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့‌ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   
Nov 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၂)ရက်နေ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပပြုလုပ်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန်အလှူပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ စည်ပင်သာယာကျောက်တိုင်ဝင်းအတွင်းရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 04,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်၌ (၃၄)နှစ်​မြောက် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ နှစ်ပတ်လည်​နေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၉နာရီအချိန်က အမှတ်(၁၅) ရပ်ကွက် ​မြေနီကုန်းရပ်ရှိ​၊ ဇေယျာသီရိဘိုးဘွားရိပ်သာတွင် တစ်​နေ့တာ အာဟာရဒါနကုသိုလ်​ပြုလုပ်​ခဲ့​ကြောင်း သိရသည်။