အမြို့မြို့အနယ်နယ်သတင်းများ

May 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် အသက်(၁၉)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
May 20,2022
ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ မျှဝေနိုင်စေရန် ရည်ရွယ်၍ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ် ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။
May 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ (က)ရပ်ကွက်မူလတန်းကျောင်းဝင်းအတွင်းရှိ မြေကွက်လပ်တွင် သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော် ကျင်းပခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က သစ်ပင်စိုက်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုကောင်းပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် တောင်သူများ မြေပဲသီးနှံကို ပိုမိုစိုက်ပျိုးလျက်ရှိကြသည်။
May 20,2022
ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ် ၁ နာရီခွဲတွင် ရန်ကုန်ပညာရေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်၍ အလှူငွေများပေးအပ်သည်။