အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် တန်ဆောင်းမုန်းလပြည့်နေ့တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် (၂၁) ကြိမ်မြောက် မသိုးသင်္ကန်းယက်လုပ်ပူဇော်ပွဲကို ယနေ့ နံနက် ၅ နာရီ အချိန်က မြင်းခြံမြို့ ဆန္ဒတော်ပြည့်စေတီတော် ဓမ္မာရုံတွင်"ပြုလုပ်ခဲ့သည်။
Nov 08,2022
ရှမ်းပြည်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့တွင် မြို့အုပ်ချုပ်ရေးမှူးဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က တာမိုးညဲမြို့၊ မြို့လယ်ပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 08,2022
 ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 08,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ဘုရားစေတီများတွင် တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများ၊ ရပ်ကွက်များအတွင်း စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိရာ ညနေပိုင်းတွင် ရေနံချောင်းမြို့ ကျောက်စာရုံတော်ကြီးတွင် ဆီမီးထွန်းညှိပူဇော်ခြင်း၊ လေးထပ်ဘုရားကြီးတွင် ပန်း၊ ဆီမီး၊ အမွှေးနံ့သာများပူဇော်ခြင်းနှင့် ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူး စည်ကားခဲ့ကြောင်း သိရသည်။
Nov 08,2022
ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် လူစည်ကားရာစျေးလမ်းနှင့် ဗိုလ်ရုံလမ်းထောင့်တွင် တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ ညမှစ၍ ညစျေးတန်းဖွင့်လှစ်ကြောင်း သိရသည်။
Nov 08,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်းကျောင်း (လပွတ္တာ)၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၇)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၄)၊ ဂဟေသင်တန်း အမှတ်စဉ်(၁၄)၊ မော်တော်ယာဉ်စက်ပြင် သင်တန်းအမှတ်စဉ်(၉)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲကို လပွတ္တာခရိုင်(၃)မိုင်မြို့ သစ်စက်မှုလက်မှုပညာ သင်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
Nov 08,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။