Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းလှမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Nov 08,2022
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် အထိမ်းအမှတ်နှစ်ပတ်လည်နေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)တွင် ငပုတောမြို့နယ်အတွင်းရှိ ဘုရား စေတီပုထိုးများ၌ ပြည်သူများ ကုသိုလ်ကောင်းမှုပြုခြင်းနှင့် ရပ်ကွက်အလိုက် စတ…
Nov 08,2022
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင်၊ ငပုတောမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ညနေခင်းတွင် ဆီမီး၊ ပန်း၊ ရေချမ်း၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်၍ ကုသိုလ်ကောင်းမှုပြုကြသကဲ့သို့ ရပ်ကွက်အလိုက် ပြည်သူများကလည်း အာဟာရဒါန စတုဒိတာများဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Nov 08,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သော (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့နယ်၌ (၂၇)ကြိမ်မြောက် မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း၌ (၂၇)ကြိမ်မြောက် မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉ ) နာရီအချိန်က မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ အရှေ့ရွာရပ်ရှိ အရှေ့ရွာဘုန်းကြီးကျောင်းတွင် အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာမှ ဦးစီးကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ
Nov 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့နေ့လည် ၁၂ နာရီက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှုဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့ ကျိုက္ကလွန်ပွန်းစေတီအတွင်းမှ နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓဆင်းတုတော်များ မြို့တွင်းသို့ အပူဇော်ခံကြွချီ
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓဆင်းတုတော်များ မြို့တွင်းသို့ အပူဇော်ခံကြွချီခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့တွင်းသို့ လှည့်လည်အပူဇော်ခံ ကြွချီခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် စုပေါင်းသွေးလှူဒါန်း
Nov 08,2022
ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုဝင်ဘာလ ၅ ရက်နေ့က ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17987
Page
17988
Page
17989
Page
17990
Current page
17991
Page
17992
Page
17993
Page
17994
Page
17995
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department