မိုင်းပျဉ်းမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ Talk Show ကျင်းပ

မိုင်းပျဉ်း  နိုဝင်ဘာ   ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ Talk Show ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုရီက လာမည့် နိုဝင်ဘာ ၂၀ ရက်နေ့သည် ကမ္ဘာ့ ကလေး များနေ့ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အခြေခံမူ(၄)ရပ်ရှိကြောင်း၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြစ်ပွားစေသောအကြောင်းများ၊ သက်ငယ်မုဒိန်းနှင့် စပ်လျဉ်းသည့် အကြောင်းများ၊ ကလေးသူငယ်များ အလုပ်လုပ်ကိုင်နေရခြင်းနှင့် စပ်လျဉ်းသည့် အကြောင်း အရာများ၊ ကလေးသူငယ်ဉပဒေပြဌာန်းထားရှိမှု၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ဌာနဆိုင်ရာများ၊ မိဘပြည်သူများမှ ကလေးသူငယ်ဆိုင်ရာ ကိစ္စရပ်များဖြစ်ပွားပါက ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ Talk Show အစီအစဉ်ကို မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုင်းပျဉ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး We Love Minepyin Page တွင် လွှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)