အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့ကြောင်းနှင့် လပြည့်ည အချိန်ခါတွင်လည်း တောင်ကလပ်အထက် ဆေးကျောက်ပျဉ်ဂူတွင် ယုံကြည်သက်ဝင်သူများမှ ပွဲတင်ခြင်း၊ ဆေးမြစ်/ဆေးရွက်များစုပေါင်း၍ ဆေးကြိတ်ခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း တောင်ကလပ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
Nov 08,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သော (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
Nov 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ယမန်နေ့ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၌ ဘုရားဖူးသူများနှင့် ဆီမီးလာရောက်ပူးဇော်သူများပြားခဲ့ကြောင်း သိရသည်။
Nov 08,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒ၏ ဗုဒ္ဓဘုရားအား တရားအလှူတို့ဖြင့်ပူဇော်ခြင်း၊  သံဃာတော်အပါး  ၂၀ တို့အား ကထိန်လျာသင်္ကန်းကြီး ကပ်လှူပူဇော်၍ အရံသံဃာအပါး(၇၀)ကျော်တို့အား ကိန်အခြံအရံပစ္စည်းများ ကပ်လှူပူဇော်ခြင်း၊ တန်ဆောင်တိုင်ည စတုဒိသာကျွေးမွေးခြင်း၊ မီးပုံးပျံများ လွှင့်တင်ခြင်းတို့ကို ယမန်နေ့ တန်ဆောင်မုန့်လပြည့်ည၌ မအီမြို့၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာကျောင်းတိုက်၊ အဓိဋ္ဌာန်အောင် ဆုတောင်းပြည့် လျောင်းတော်မူဘုရားကြီးရှေ့ ရင်ပြင်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 08,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်း လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ ဓာတ်အားပြတ်တောက်မှုလျော့နည်းကျဆင်းပြီး ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
Nov 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်များက ရန်ကြီးအောင်ဘုန်းတော်ကြီးကျောင်းရှိ စေတီတော်မြတ်၌ ဘုရားဖူးဆုတောင်းခြင်း၊ သုခနိဗ္ဗာန်ဓမ္မာရုံတွင် ဥပုသ်သီလဆောက်တည်ခြင်းတို့ပြုလုပ်ခဲ့ကြပြီး ညနေ(၅:၃၀)နာရီအချိန်တွင် မြို့တွင်းသို့ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲမော်တော်ယာဉ်များဖြင့် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။