Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေတိဂုံစေတီတော် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ဝါဆိုရွှေကြာသင်္ကန်းကပ် လှူပူဇော်ပွဲနှင့် ဓမ္မစကြာအခါတော်နေ့ကျင်းပ
Jul 13,2022
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ မြတ်ဗုဒ္ဓ၏မမေ့အပ်ရာနေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ အာရုံမုခ်ဦး(၄)ခုရှိ ပွင့်တော်မူပြီးသော ဘုရားလေးဆူနှင့်အထက် ပစ္စယံပတ္တမြားမျက်ရှင် ရုပ်ပွားတော်တို့ကို ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား၊ ဓမ္မစကြာအခါတော်နေ့ အခမ်းအနားနှင့် ဝါတွင်းသီလခံယူပွဲ အခမ်းအနားများကို ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jul 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်ခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၂၀)ရပ်ကွက်ရှိ အသက်(၈၅)အထက် သက်ကြီးဘိုးဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်၊
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီဈေးနှုန်း ၁၂၀၀ ကျပ်တွင် အတက်အကျ ဈေးနှုန်းမရှိဘဲရပ်တန့်နေ
Jul 13,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ ဈေးနှုန်း ၁၂၀၀ ကျပ်ဖြစ်နေပြီး ဈေးအတက်အကျမရှိဘဲ ကြက်သွန်နီဈေး တည်ငြိမ်နေကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ မုန့်ကုန်းကျေးရွာ ကြက်သွန်နီ စိုက်ပျိုးတောင်သူ ဦးမင်းညိုထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ဝါဆိုလပြည့်နေ့ဘုရားဖူးများစည်ကားသိုက်မြိုက်
Jul 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဝါဆိုလပြည့်နေ့နံနက်ပိုင်းက သမိုင်းဝင်ဘုရားစေတီပုထိုးများတွင် ဘုရားဖူးပြည်သူများစည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၂၂) ဖွင့်လှစ်
Jul 13,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ရုံးမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်၌ ဘုရားဖူးသူများနှင့် ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့်စည်ကား
Jul 13,2022
ဗုဒ္ဓဘာသာဝင်တို့၏အထွတ်အမြတ် နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)၌ ဘုရားပုထိုး၊ စေတီများတွင် ဘုရားဖူးသူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်ကားလျက်ရှိရာ
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၁၇)လုံး ကြိုတင်ပြောင်းရွေ့
Jul 13,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ယနေ့ နံနက် ၈ နာရီက တောကျောင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၃)ရွာတို့တွင် လူနေအိမ် (၁၇)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့၌ ပရဟိတအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jul 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများအား ရှမ်းပြည်နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17951
Page
17952
Page
17953
Page
17954
Current page
17955
Page
17956
Page
17957
Page
17958
Page
17959
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department