မိုင်းရယ်တွင် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

မိုင်းရယ် နိုဝင်ဘာ  ၉

(၁၀၂) ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ် သည်။

အဆိုပါ (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီ ပြိုင်ပွဲကို မိုင်းရယ်မြို့ပေါ်ကျောင်းများဖြစ်သည့် အ.ထ.က၊ အ.လ.က၊ မူလွန်-၁၊ မူလွန်တပ်တွင်းကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၈) ဦးပါဝင်ယှဉ်ပြိုင်ကြပါသည်။

ယင်းနောက် ပြိုင်ပွဲဝင်ကျောင်းသား/သူများက မိုင်းရယ်မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်