အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွှေဥမင်သဘာဝ လှိုဏ်ဂူတော်ဘုရားကြီးနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားသွား၊ ကျောင်းတက်၊ ဥပုဒ် သီလဆောက်တည်သူများ၊ ဘုရားဖူးများဖြင့်အထူးစည်ကားများပြားလျက်ရှိသည်။
Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ဇူလိုင်လ ၉ ရက်နေ့ ညနေ  (၃)နာရီအချိန်ခန့်က အခြခံ အင်္ဂလိပ်စာသင်တန်း ဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
Jul 12,2022
မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆုတောင်းပြည့်မဟာရွှေသိမ်တော် တန်ခိုးကြီးဘုရားတွင် ဇူလိုင်(၁၂)ရက် ဝါဆိုလပြည့်နေ့၌ ရပ်နီး၊ ရပ်ဝေး ဘုရားဖူးပြည်သူများ၊ အဓိဋ္ဌာန်ပြု ဆုတောင်းသူများနှင့် စည်ကား လျက်ရှိ ကြောင်း သိရှိရသည်။
Jul 12,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးသီးနှံလျာထား ဧက ပြည့်မီစေရေးအတွက် ဇွန်လနောက်ဆုံးပတ်ကစပြီး စတင်စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက် မိုးစပါးသီးနှံ ၆၃၈၅ ဧကအထိ စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
Jul 12,2022
 ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တွင်၁၃၈၄ ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါ တော်နေ့) အခါသမယ ယနေ့သည်မြန်မာတို့၏ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်( ဓမ္မစကြာအခါတော်နေ့)ဖြစ်သည်နှင့်အညီ  တွံတေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇတများတိုးပွားလာစေရေးနှင့် ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး တို့အတွက်တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စုအတွင်းရှိ မချောချောင်း သဘာဝချောင်းရေပြင်အတွင်းသို့ ယနေ့နံနက် ၈နာရီခွဲအချိန်က ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
Jul 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၇နာရီအချိန်က ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်၌ ကျင်းပခဲ့သည်။
Jul 12,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ တွင် မြို့လုံးကျွတ်စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို  ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်ရှိ ဓမ္မလင်္ကာရ ကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။