ပူတာအို နိုဝင်ဘာ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/ မြို့နယ် စံကွက်ရိတ်သိမ်းရေး စစ်ဆေးကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးစပါးအထွက်တိုးဆင်းဧကရီ-၃ စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း တောင်သူကွင်း သရုပ်ပြပွဲကို နိုဝင်ဘာ (၉)ရက် နံနက် (၁၀)နာရီက ပူတာအိုမြို့နယ်၊ ဇီးအွန်ကျေးရွာ ကွင်းအမှတ်(A)၊ ဦးပိုင်အမှတ်(၈၆)၊ တောင်သူ ဦးယောဟန်၏ လယ်မြေနှစ်ဧက၌ ကွင်းဆင်းရိတ်သိမ်းသည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စံကွက်ရိတ်သိမ်းရေး စစ်ဆေးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တောင်သူများက မိုးစပါး အထူးအထွက်တိုး ဆင်းဧကရီ-၃ စိုက်ခင်းအား စံကွက်စုပေါင်းရိတ်သိမ်းကြရာ တစ်ဧကလျှင် အထွက်နှုန်း (၁၀၈.၂၀)တင်းထွက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တောင်သူများက အဆိုပါ ဦးယောဟန်၏ လယ်မြေနှစ်ဧကတွင် ပုဂ္ဂလိဂရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း တောင်သူကွင်း သရုပ်ပြသနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ မိုးစပါးရာသီတွင် အထွက်နှုန်းနည်း ဒေသမျိုးများအစား အထွက်နှုန်းကောင်းမွန်သည့် ဆင်းဧကရီ-၃ အထူးအထွက်တိုးမျိုးစပါးအား ပူတာအို၊ မချမ်းဘော့နှင့် နောင်မွန်းမြို့နယ်တို့တွင် ဧက (၁၀၀၀)မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်ပြောင်းလဲခြင်း၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၁ အချိုး ၃ ရောစပ်၍ အသုံးပြုခြင်း စသည့် လုပ်ငန်းများအား တောင်သူပညာပေးဆောင်ရွက်ခဲ့ပြီး ရိတ်သိမ်းရာတွင်လည်း အလေအလွင့် နည်းပါးစေရန် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်း ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖုန်ကန်(ပူတာအို)