ကျောက်ကြီးမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ကျောက်ကြီး နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး  Talk Show ဆွေးနွေးပွဲ ကျင်းပခဲ့​ ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အိအိမွန်ကမြို့နယ် ပညာရေးမှူးအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်ပြီးမေးခွန်းများ မေးမြန်းခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးတင်ဝင်းက အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်နှင့် နိုင်ငံတော်၏ သမိုင်းကြောင်းများကို သိရှိနားလည်ပြီး အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်၍ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းခြင်း၊ အမျိုးသားရေးအကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်နိုင်မည့် မျိုးချစ်စိတ်ဓာတ်များ အစဉ်ထာဝရကိန်းအောင်းကြစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်