အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ မောင်စိုးထိုက်(သုံးဆယ်)  ရေးသားထုတ်ဝေသည့် “တာဝန်ကိုယ်စီရှိပါသည်”စာအုပ်ဖြင့် အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေး ကျင်းပခဲ့ကြောင်း သိရသည်။
Nov 09,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို)အထိမ်းအမှတ် အသိပညာပေးနံရံအသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်တွင် စာပေမြတ်နိုးသူ Book Club အသင်းဝင်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ဝိုင်း စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
Nov 09,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများစားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမ်းတပ်နယ်စျေးရှေ့လမ်းမ၌ ပြုလုပ်ခဲ့သည်။
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 09,2022
သန်လျင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၍ ကျင်းပသည်။
Nov 09,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာစိုက်ခင်းတွင် ၂၀၂၂ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဦးပိုင်(၄၄)၊ ကွင်းအမှတ်(၂၉၇)ရှိ တောင်သူဒေါ်နီနီဦး၏လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။