Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ အချိန်စေ့လွန်ကြွေးဟောင်းကြွေးကျန်များ ပိုမိုကောက်ခံရရှိရေးဆောင်ရွက်
Jul 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မင်းလှမြို့နယ်ဘဏ်ခွဲမှ အချိန်စေ့လွန် ကြွေးဟောင်းကြွေးကျန်များ ပိုမိုကောက်ခံရရှိရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ချေးငွေ စိစစ်ရေးအဖွဲ့နှင့် တောင်သူလယ်သမားများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jul 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club၊ Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်အား ယမန်နေ့ နေ့လယ် (၃) နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့တွင် စုပေါင်းဝါဆိုသင်္ကန်းနှင့်ဆွမ်းဆက်ကပ်လှူဒါန်း
Jul 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် ရဟန်းသံဃာရှင်သူမြတ်များအား စုပေါင်းဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ခရမ်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီခန့်က ကျင်းပခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရင်ဆိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်၊ မော်ချီးတောင်ပေါ်ရွာ (အထက)ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံ
Jul 14,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးတောင်ပေါ်ရွာတွင်ကျောင်းသား/သူမျာ းကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယမန်နေ့က အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မော်ချီးတောင်ပေါ်ရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Jul 14,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ဆမားဒူးဝါးအပိုင်း (၄) ရပ်ကွက်ရှိ အမှတ် (၁၂) အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန်အတွက် အဘိတ်ဆေးခပ်ပေးခြင်းများဆောင်ရွက်
Jul 14,2022
မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အ.ထ.က(၂)စာသင်ကျောင်းတွင် အဘိတ်ဆေးခပ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်အတွင်း မိုးနေကြာ၊ မိုးပဲတီစိမ်းနှင့် မျိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးထားရှိမှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Jul 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဒေသအတွင်းစားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် မျိုးစပါးများမျိုးကောင်း၊ မျိုးသန့်ရရှိ ထုတ်လုပ်နိုင်စေရေး အတွက်ယမန်နေ့ ညနေ ၃ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဉာဏ်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆီထွက်သီးနှံများ ဖြစ်သည့်မိုးနေကြာ၊ မိုးပဲတီစိမ်းနှင့် ဆင်းသုခနှံကောက် မျိုးစပါးမျိုးစေ့ ထုတ်လုပ်စိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17871
Page
17872
Page
17873
Page
17874
Current page
17875
Page
17876
Page
17877
Page
17878
Page
17879
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department