Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး
Nov 09,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအားလပ်ချိန်များတွင် ပြင်ပဗဟုသုတများရှာဖွေနိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က(၁)၊ ပြည်နယ်စက်မှုကြီးကြပ်ဦးစီးဌာနနှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့တွင် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ မြို့နယ်ချေးငွေ အကြံပေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်
Nov 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်ချေးငွေအကြံပေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံအကျိုး၊ ဒေသအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သော ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင်ထူးချွန်သည့် သားကောင်းသမီးကောင်းများဖြစ်ကြစေလို
Nov 09,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၀)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Nov 09,2022
အပြည့်အစုံ ဖတ်ရန်
သုဝဏ္ဏဝတီမြို့ရှိ မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းပြန်လည်တည်ဆောက်နိုင်ရေး အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ
Nov 09,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်တွင် မီးဘေးသင့်ခဲ့ရသည့် သိမ်ဆိပ်ကျောင်းကြီး အသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ယနေ့နံနက်က တာဝန်ရှိသူများပူးပေါင်းကာ အလှူငွေ၊ သင်္ကန်းနှင့် လူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းနားကို အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)၌ သင်တန်းများဖွင့်လှစ်
Nov 09,2022
ဒေသတွင်းစက်မှုလုပ်ငန်းများထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်၍ လူနေမှုအဆင့်အတန်းမြှင့်မားလာစေရန်ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge(SB) တို့ပူးပေါင်းဖွင့်လှစ်သော သင်တန်းများဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသင်တန်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်များစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 09,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရွှေကူ) “ပညာ့ဂုဏ်ရည်” ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၌ ခရိုင်ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆိုင်ရာများ ကော်မတီအစည်းအဝေး ပြုလုပ်
Nov 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ခရိုင်ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆိုင်ရာများ ကော်မတီအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17871
Page
17872
Page
17873
Page
17874
Current page
17875
Page
17876
Page
17877
Page
17878
Page
17879
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department