အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူများနှင့် ဒေသနေပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်ရန်အတွက် ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။
Jul 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရန် မြေပြင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်၌ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ၊ တိုက်ဆိုင် စစ်ဆေးကြီးကြပ်ရေး အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jul 14,2022
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများကို ဇူလိုင်လ ၁၄ ရက်နေ့နံနက် ၉ နာရီက ကြို့ပင်ကောက်မြို့၊ အ.ထ.က(ပန်းတင်)ကျောင်းတွင် ကျင်းပပြုလုပ်သည်။
Jul 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ မြို့ဦးဘုန်းတော်ကြီကျောင်းဓမ္မရုံ၌ ဌာနဆိုင်ရာများနှင့် ရပ်မိ/ရပ်ဖများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ညနေ(၅)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 14,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သီးသန့်လူနာဆောင် (Isolation Ward) အဆောက်အဦသစ် လွှဲပြောင်းပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
Jul 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းမှ ကျန်ရှိသောလမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်သန်း ၂၄၀ ကျော်ဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။