Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း၏ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း၏ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community center ခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ရွှေဟင်္သာစေတီတော်ကြီး၏ (၃၃) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် အောင်မင်္ဂလာကျောင်းတိုက် ဆရာတ…
Jun 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၅)ရပ်ကွက် အောင်မင်္ဂလာကျောင်းတိုက် ရွှေဟင်္သာစေတီတော်ကြီး၏ (၃၃)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၏ ပဌာန်းသိမ်းအောင်ပွဲနှင့် အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝီရိယ၏ (၄၆)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး
Jun 08,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့မဈေးကြီးအတွင်း ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဈေးကြီးအတွင်း ခြင်၊ ယင်များ မပေါက်ဖွားစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများအား ယနေ့နံနက် (၇)နာရီ အချိန်မှစတင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုး၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက ဈေးအတွင်းဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ရှိ ပိတ်ဆို့နေသောရေမြောင်းများနှင့် ခြုံနွယ်များအား လိုက်လံရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ ရပ်ကွက်များတွင် ယနေ့နံနက် (၀၉း၀၀)အချိန်က ပိတ်ဆို့နေသောရေမြောင်းများနှင့် ခြုံနွယ်များ၊ အမှိုက်များအား မြို့စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလိုက်လံ၍ ခုတ်ထွင်ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် မိုးသည်းထံစွာရွာသွန်းမှုကြောင့် ရေလည်ကျောင်းတိုက်ရှိ အုတ်တတိုင်းပြိုကျမှုအား တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေး…
Jun 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့ နံနက ၄ နာရီ အချိန်ခန့်က မိုးသည်းထံစွာရွာသွန်းခဲ့မှုကြောင့် အမှတ်(၅)ရပ်ကွက်ရှိ ရေလည်ဘုန်းတော်ကြီးကျောင်း၏ အုတ်တတိုင်း ခြံစည်းရိုး ပေ (၈၀)ခန့် ပြိုကျခဲ့မှုအား ရေစီးရေလာပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် နံနက် ၈ နာရီခွဲက တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင်တွင်စာရေးဆရာ၏ "ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် ဇွန်လ ၆ ရက်နေ့ နံနက်(၁၀)နာရီအချိန်က Book Club အဖွဲ့နှင့် စာရေးဆရာဖေမြင့်ရေးသားသည့် ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့၌ တိုင်းရင်းကြက်မွေးမြူရေးထုတ်လုပ်ရေး သင်တန်းဖွင့်လှစ်
Jun 08,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိ ရက် (၁၀၀) အတွင်း လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်ဖြစ်သည့် တိုင်းရင်းကြက်မွေးမြူရေး ထုတ်လုပ်ရေး သင်တန်းကို ခန္တီးမြို့နယ်၊ ဖားမောင်ကျေးရွာ၌ ဇွန်လ (၇) ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
175
Page
176
Page
177
Page
178
Current page
179
Page
180
Page
181
Page
182
Page
183
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department