အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ပြည်သူများ မြေယာပိုင်ဆိုင်မှု ခိုင်မာစေရေးနှင့် မြေငှားဂရန်ရရှိရေးအတွက် ကျေးရွာ/မြို့မြေများ ပြန်လည်တိုင်းတာပေးနိုင်ရေး ရည်ရွယ်၍ တစ်လကြာဖွင့်လှစ်သင်ကြားခဲ့သော Training Course On Town Land Survey No-16 သင်တန်းဆင်းပွဲကို ဇူလိုင် ၄ ရက် နံနက် ၉ နာရီခွဲက တိုက်ကြီးမြို့၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ကျင်းပသည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ(၃)နာရီက ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်းအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တတ်ရောက်ခဲ့ကြသည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို လမ်းမတော်မြို့နယ် အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်​ ဟော​ပြောပွဲ၊ စာစီစာကုံးနှင့်​ဆောင်းပါး ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယ​နေ့ နံနက်၁၀ နာရီ ကကျင်းပရာ မုံရွာတက္ကသိုလ်​ ဒုတိယပါ​မောက္ခချုပ်ဆရာမကြီး​ဒေါက်တာစန်းစန်းအေး၊ ပါမောက္ခ (ဌာနမှူး) များ ကထိက၊ ဌာနမှူးများ၊ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများ ကျောင်းသား/​ကျောင်းသူများ တက်​​ရောက်ခဲ့ကြသည်။
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား စားသုံးသူ​ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖျာပုံခရိုင် စားသူရေးရာဦးစီးဌာန မှဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့များက ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ်အတွင်းရှိစားသောက်ဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Jul 08,2025
ကချင်ပြည်နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ တောင်သူဝင်ငွေတိုးပွားရေးအတွက် စပါးစိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးအတွက် စပါးကြဲခင်းများ လျော့နည်းပပျောက်လာစေရေး နည်းစနစ်ပြည့်ဝမှန်ကန်သည့် စပါးမျိုးစေ့ချကိရိယာ (Seeder) များ အသုံးပြု၍ စိုက်ပျိုးနိုင်‌ရေး မြို့နယ်များအလိုက် တောင်သူများထံ ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းအခြေပြုငလျင်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာ၌  ဇူလိုင်လ(၇)ရက် ညနေ(၅)နာရီကျော်အချိန်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ငါးဖမ်းစက်လှေများ ပျက်စီးခဲ့ကြောင်း သိရသည်။