Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်၌ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ
Jul 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်နေ မိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဓမ္မမိတ်ဆွေသူတော်စင်များ၏ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက် ရာဇသင်္ကြန်လမ်းရှိ (၁၁)ရပ်ကွက်လုံးဆိုင်ရာ သာသနာ့ဟိတ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
Jul 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်မြေခံတပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်ရှိ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ယနေ့မွန်းလွဲ ၁နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေ…
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်း၌ ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော် မြတ်ကြီးသို့သွားရောက်၍ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီး သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီးထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းလုပ်ငန်း(၁၆)ခုနှင့်တံတားလုပ်ငန်း(၃)ခု ဆောင်ရွက်
Jul 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များနှင့် ထုတ်ကုန်လုပ်ငန်းများ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူနိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းတံတားများကို ရာသီမရွေးသွားလာနိုင်ရေး နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လမ်းလုပ်ငန်း (၁၆) ခုနှင့် တံတားလုပ်ငန်း (၃) ခု စုစုပေါင်း (၁၉) ခု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါဆိုလပြည့်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ဦးခန္တီဘုရားဝင်းအတွင်းတွင် သံဃာတော် (၈၂၀) ပါး စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပ
Jul 10,2025
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ ဦးခန္တီဘုရားဝင်းအတွင်းတွင် ယနေ့နံနက် (၆:၃၀) နာရီက သံဃာတော် (၈၂၀) ပါးတို့အား စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ၂၄ ကြိမ်မြောက် ဝါဦး ဆွမ်း၊ လှူဖွယ်ပစ္စည်းမျိုးစုံ ဆက်ကပ်လှူဒါန်း
Jul 10,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ခြောက်ရပ်ကွက်မှ ရပ်ကွက်အစဉ်လိုက်၊ ရက်အစဉ်လိုက် အလှည့်ကျရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများက ဝါတွင်းဝါဆိုတော်မူကြသော ဆရာတော်၊ သံဃာတော်၊ သာမဏေများ ဆွမ်း၊ ဘောစဉ်များ လွယ်ကူအဆင်ပြေစေရန် နှစ်စဉ်ဝါတွင်းကာလအတွင်း လောင်းလှူလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၇ခု၊ ၂၄ ကြိမ်မြောက် ဝါဦးပထမရက် အလှည့်ကျဘုရင့်နောင်ရပ်ကွက် လောင်းလှူခြင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ဝေပုလ္လစာသင်တိုက်၊ စုရပ်နေရာတော်မှ စတင်၍ အလှူခံကြွချီတော်မူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန်ကန်မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းတွင် ရဟန်းသာမဏေအပါး(၅၀)အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 10,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မန်ကန်မြို့ မြို့မဘုန်းကြီးကျောင်းတွင် (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီးဌာနဆိုင်ရာများနှင့် ဒေသခံအလှူရှင်များ တက်ရောက်၍ ရဟန်းသာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
173
Page
174
Page
175
Page
176
Current page
177
Page
178
Page
179
Page
180
Page
181
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department