အမြို့မြို့အနယ်နယ်သတင်းများ

Jul 10,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရန်ကုန်မန္တလေးကားလမ်းဘေးတွင် ဆည်ထားကိုးကွယ်တော်မူထားသော မန္တလေးစွယ်တော်မြတ်စေတီတွင် ဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာအခါတော်နေ့) ဘုရားဖူးပြည်သူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
Jul 10,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရန်ကုန်မန္တလေးကားလမ်းဘေးတွင် ဆည်ထားကိုးကွယ်တော်မူထားသော မန္တလေးစွယ်တော်မြတ်စေတီတွင် ဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာအခါတော်နေ့) ဘုရားဖူးပြည်သူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
Jul 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုရုံး(Community Center)ခန်းမ၌ ယ‌မန်နေ့မွန်းလွဲ ၁ နာရီ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 10,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ရှမ်းစုကျေးရွာအုပ်စု၊ ဝက်သိုက်ကျေးရွာ  ကွင်းအမှတ်၅၆၉၊  ဦးပိုင်အမှတ်  ၃၄၊  တောင်သူ  ဦးသန်းဌေးအောင်၏  လယ်မြေ  ၅.၀၀ ဧကတွင်၊  မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်)သစ်စိမ်းမြေသြဇာ  ထည့်သွင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 10,2025
ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 10,2025
လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနှင်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ကျောက်ဆည်မြို့နယ်အတွင်း မြို့ဝင်/မြို့ထွက်နေရာများနှင့် လမ်းဆုံလမ်းခွများတွင် ယနေ့နံနက် (၉) နာရီက စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စားယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ တောင်တောကုန်းကျေးရွာရှိ တောင်တောကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်သမဝါယမအသင်း၊ အသင်းသားတောင်သူ ဦးသန်းရွှေ၏ ကွင်းအမှတ် (၅၄၉) /က၊ ဦးပိုင်အမှတ် ၂၃/၂ ရှိ စိုက်ဧက (၃.၀၀) ဧကနှင့် အသင်းသားတောင်သူ ဦးလှမင်း၏  အမှတ် ၅၅၀၊ ဦးပိုင်အမှတ် (၆၁/၂)ရှိ စိုက်ဧက (၄.၅) ဧကတို့တွင် Rakka 666 BT မျိုး မိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။