Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းသားကျောင်းသူ ၁၇၇၄၀ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ
Jun 08,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် (၁) ရက်နေ့မှစတင်၍ ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၁၇၇၄၀ ဦး စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၌ လူငယ်နှင့် အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jun 08,2026
နိုင်ငံတော်၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် သားကောင်းရတနာများနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၌ လူငယ်နှင့် အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jun 08,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ရှိ အမှတ် (၁၀) စက်မှုလယ်ယာစခန်း၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၆ - ၂၀၂၇) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် မောင်းတိုင် (၂) ရပ်ကွက် ရတနာပင်စည်ဘုရားကြီးတပ်ဦးကျောင်းအတွင်း တည်ထားကိုးကွယ်သော ရတနာပင်စည် မိုဃ်းကောင်းစေတီတော်ကြီးအား ရတနာရ…
Jun 08,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မောင်းတိုင် (၂) ရပ်ကွက် ရတနာပင်စည်ဘုရားကြီးတပ်ဦးကျောင်းအတွင်း တည်ထားကိုးကွယ်သော ရတနာပင်စည် မိုဃ်းကောင်းစေတီတော်ကြီးအား ရတနာရွှေထီးတော် ဆပ်ကပ်လှူဒါန်းခြင်းနှင့် မကွေးတိုင်းဒေသကြီး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီးဇော်လင်းထွန်း ဦးဆောင်၍ တပ်ဖွဲဝင်မိသားစုများ၊ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖ အလှူရှင်များမှ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းတို့တွင် အဖက်ဖက်မှ လှူဒါန်းကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ငှက်ပစ်တောင်ကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို လေးမျက်နှာမြို့နယ် အ.ထ.က အိုင်သပြုကျောင်းဝန်းအတွင်းတွင် သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ဇွန် ၅ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျော့ချရေးအသိပညာ ပေးလုပ်ငန်းများဆောင်ရွက်
Jun 08,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ်တနင်္လာ နေ့တိုင်းပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေး နေ့သတ်မှတ်၍ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၉နာရီအချိန်က ချောက်မြို့မစျေးအတွင်း ဈေးရောင်း/ဈေးဝယ်ပြည်သူများ အားပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူစသည့် အခြားထုပ်ပိုးပစ္စည်းများဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်ထွက် မာလကာသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများအဆင်ပြေ
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နှစ်ရှည်သီးပင်စားပင်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မာလကာပင်စိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ပြုလုပ်ပေးခြင်းကို ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ ပတ္တမြားခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
174
Page
175
Page
176
Page
177
Current page
178
Page
179
Page
180
Page
181
Page
182
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department