အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တောင်တွင်းကြီး မြို့နယ်အား မြို့ပြအင်္ဂါရပ်နှင့်အညီ  သန့်ရှင်းသာယာလှပစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဗိုလ်ချုပ်ပန်းခြံအတွင်း ပြည်သူများ စိတ်အေးချမ်း‌သာ ပျော်ရွှင်စွာအနား ယူနိုင်ရေး၊ အရိပ်ရပင်များနှင့် ပန်းအလှပင်များ ရှင်သန်ကြီးထွားစေရေးအတွက် ရေပန်းများ တပ်ဆင်ခြင်းလုပ်ငန်းကို ယနေ့နံနက်က ဆောင်ရွက်လျက်ရှိရာ
Nov 15,2022
ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက် (၉)နာရီမှစတင်၍ မြောင်းမြမြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ဌာနများကို ညွှန်ကြားထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိူသားအောင်ပွဲနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို လွိုင်လင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးနှင့် ဝန်ထမ်းများ သွားရောက်၍ ကျောင်းသူ/သားများအား ဖြန့်ဝေပေးခဲ့သည်။
Nov 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း၏ အစည်းအဝေးခန်းမတွင် အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း နည်းပညာ (ကာလတို) သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲ‌နေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများအား ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Nov 14,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား သီးနှံစိုက်ပျိုးရာသီအမီ စိုက်ပျိုးစရိတ်လုပ်ငန်း အဆင်ပြေစေရေးအတွက် ယနေ့နံနက်ကချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲတွင်ဒေါင်းရပ်အရှေ့၊ ဒေါင်းရပ်အနောက်၊ ကရင်ဝင်းစိန်နှင့် စော်ကဲကျေးရွာရှိ တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခဲ့သည်။