အမြို့မြို့အနယ်နယ်သတင်းများ

Nov 14,2022
ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ စီစဉ်ဆောင်ရွက်သော သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
Nov 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများ ကောင်းမွန်လာစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူ၍ ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ မြဝတီမင်းကြီးလမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှုအား မြို့နယ်မှတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။‌
Nov 14,2022
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ပဲခူးရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း ဖွင့်လှစ်ခဲ့သည်။
Nov 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လည် (၂)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံ (နေကြာ) စုပေါင်းစိုက်ပျိုးပွဲကို တမြာကျေးရွာအုပ်စု၊ လယ်ဦးရွာအပိုင် လယ်ပိုင်ရှင်ဦးမောင်မောင်ကြီး​၏ လယ်မြေပေါ်တွင် ယနေ့နံနက် ၈:၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 14,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို  ယနေ့နံနက် ၁၁ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ပြုလုပ်သည်။