အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2022
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ် စာစောင်ပြပွဲကို အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြိုင်ပွဲ၊ ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်အား လားရှိုးမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများ၊ လူစည်ကားရာနေရာများတွင် ယနေ့နံနက် (၈)နာရီအချိန်က သွားရောက် ဖြန့်ဝေခဲ့သည်။
Nov 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ပန်းအလှပြုလုပ်ခြင်းပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်း(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာ‌ပေးနံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများကို ယမန်နေ့မွန်းလွှဲ ( ၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2022
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးဆောင်ရွက်နိုင်ရန်နေသည့်အချိန်တွင်   ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသရှိ ဒေသထွက်ကုန်များ ထုတ်လုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိများသည် အင်းပေါခုန်ကျေးရွာရှိ ခေတ်ဆန်းယဉ်  ကြာ၊ ပိုးနှင့် ချည်ယက္ကန်းရုံတို့အား သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
Nov 15,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း သီရိခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရာ မြစ်ကြီးနား ခရိုင်အခြေခံပညာဦးစီးဌာန ခရိုင် ပညာ‌ရေးမှူး ဦးရဲအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ သည်။
Nov 15,2022
မန္တလေးတိုင်းသေကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးဌာနအနေဖြင့် ကလေးသူငယ်များကို အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က အမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Nov 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရေးဆောင်ရွက်ရာတွင် သင်ရိုးညွှန်းတမ်းများ အဆင့်မီကောင်းမွန်ရေးလိုအပ်သကဲ့သို့ စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲများအရည်အသွေးမြင့်မားစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ် အ.ထ.က(၂)ကျောင်းခန်းမ၌ ကျင်းပသည်။
Nov 15,2022
မကွေးတိုင်းဒေသကြီး၊ ​မြို့သစ်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနအနေဖြင့်  မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သစ်တောများပြုန်းတီးမှုမှ ကာကွယ်နိုင်ရေးနှင့် ရာသီဥတုအပူဒဏ် ကာကွယ် နိုင်ရေးအတွက် မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနက သဘာဝတောထိန်းခြင်းအတွက်  စိုက်ပျိုးခဲ့သည်။