အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသော အသေးစားအလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2022
ပုလောမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Nov 15,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်သူ့လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့မွန်းလွဲပိုင်းက အမှတ် (၄) ရပ်ကွက်၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်း၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
Nov 15,2022
ပထမအကြိမ် မြန်မာ-ထိုင်း (ကော့သောင်း-ရနောင်း) နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး (Border Liaison Office (BLO) အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ကော့သောင်းခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီတွင် ကျင်းပခဲ့သည်၊၊
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အနှေးယာဉ်ဆိုက္ကားများ ရောင်ပြန်စတစ်ကာ တပ်ဆင်ထားရှိလိုက်နာ ဆောင်ရွက်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လိုက်လံကြည့်ရှု စစ်ဆေးကြပ်မတ် ဆောင်ရွက်ကြသည်။