Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၂၆၀၃၆၉ ) ဧကကျော် လျာထားစိုက်ပျိုး
Jun 10,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ အလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်း သိသရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်နှင့် မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ(၂၆၀၃၆၉) ဧကကို လျာထားစိုက်ပျိုးသွဦးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့ပေါ်ရပ်ကွက်ရှိ ဓာတ်ဆီဆိုင်များ ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဆွေးနွေး
Jun 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့ပေါ်ရပ်ကွက်ရှိ ဓာတ်ဆီဆိုင်များကို ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဇွန်လ ၉ ရက်နေ့ နေ့လယ် ၁ နာရီက ကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် ကျေးရွာအုပ်စု(၂)စုမှ တောင်သူ(၁၂၇)ဦး၏မိုးစပါးဧက(၈၂၇)ဧကအတွက် စိုက်ပျိုးစရိတ်ငွေ (၁၂၄၀.၅၀)သိန်းကျပ်ထုတ်ချေးပေး
Jun 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုမှတောင် သူ(၃၉)ဦးနှင့်သကျက်ကျေးရွာအုပ်စုအတွင်းမှ တောင်သူ(၈၈)ဦး ပေါင်း(၁၂၇)ဦးအား မြိတ်ခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊မန်နေဂျာနှင့်ဝန်ထမ်းများက ယမန် နေ့က မြိတ်မြို့-ကန် ခေါင်းရပ်ကွက်၊ အရှေ့ကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း "တောင်သူများ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့အခါ ငွေရေးကြေးရေး အခက်အခဲမဖြစ်ဘဲ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်စေဖို့"ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Jun 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Jun 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ်၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေး
Jun 10,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်- ၁၉ ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုစဉ် ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Jun 10,2022
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Youth Club မှ စာဖတ်ဝိုင်းပြုလုပ်
Jun 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာ အုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာပြီး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်နိုင်သော အမျှော်အမြင်များ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က လိပ်သိုမြို့ (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “လူငယ်နှင့်ဇွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17745
Page
17746
Page
17747
Page
17748
Current page
17749
Page
17750
Page
17751
Page
17752
Page
17753
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department