အမြို့မြို့အနယ်နယ်သတင်းများ

Nov 14,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးမြို့မဈေးကြီး ဈေးသူ/ ဈေးသားများ၏ စုပေါင်းစတုဒီသာ အလှူတော်ပွဲအား ယနေ့၊ နံနက်ပိုင်းက ပဲခူးမြို့မဈေးကြီးအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အားပေးခဲ့သည်။
Nov 14,2022
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ဖြန့်ဝေပေးသည်။
Nov 14,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံး​​ရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ဦးစီးဌာန အသီးသီးမှ နိုဝင်ဘာလအတွင်းခေါ်ယူသည့် အလုပ်လျှောက်လွှာကြော်ငြာစာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ ပေးမှတ်တမ်းဓာတ်ပုံများကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ပြသထားရာ ပြည်သူများနှင့်လူငယ်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာ​ကြသည်။
Nov 14,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို စဉ်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Nov 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှလုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မိုင်းငေါ့မြို့ အမှတ်(၃)တာလုံရပ်ကွက် သီရိမင်္ဂလာဓမ္မာရုံကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၅၆)၊ ဦးပိုင်အမှတ် (၃၃/၃)ရှိ တောင်သူ ဦးသန်းလွင်၏ လယ်မြေတွင် ပေါ်ဆန်းရင် စပါးမျိုးကွဲအားကောင်း အဆင့်အတန်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို နိုဝင်ဘာလ (၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါ တောင်သူ၏ လယ်မြေတွင် ပြုလုပ်ကြရာ ပေါ်ဆန်းရင်တစ်ဧကအထွက်နှုန်း (၆၀.၈၇)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
Nov 14,2022
မန္တလေးတိုင်ဒေသကြီး သာစည်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၁ နှစ် ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီခွဲက မြို့နယ်ခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။