Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာတွင် (၀.၁၀)ဧက မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Nov 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံက်ပိုင်းက ပဲကြီးကျေးရွာအုပ်စု၊ ပဲကြီးကျေးရွာ ကွင်းအမှတ်(၂၁၀)မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို တောင်သူဦးကျော်မိုး၏ လယ်ယာမြေ(၃.၀၀) ဧကတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့(က)ရပ်ကွက်တွင် အလှူရှင်များက စတုဒိသာဧည့်ခံကျွေးမွေး
Nov 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်များရရှိစေရန်အတွက် စေတနာရှင်၊ အလှူရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒိသာများကျွေးမွေးလှူဒါန်းလျက်ရှိရာ ယမန်နေ့ညနေပိုင်းက လှိုင်းဘွဲမြို့(က)ရပ်ကွက်၌ စတုဒိသာကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 15,2022
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကျင်းပ
Nov 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော် အတွက် အားကိုးအားထားရမည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြော သရုပ်ပြပွဲနှင့် အာကစားပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ကေသရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Nov 15,2022
မြန်မာတစ်မျိုးသားလုံး၏ စုစည်းညီညာသော အမျိုးသားရေးစွမ်းပကားဖြင့် အမျိုးဂုဏ်ဇာတိဂုဏ်ကိုဖော်ဆောင်ပေးခဲ့သည့် နေ့ထူးနေ့မြတ်တစ်ခုဖြစ်သော နှစ်ပေါင်း(၁၀၂)နှစ်တိုင်ခဲ့ပြီဖြစ်သည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား စားသောက်ဖွယ်ရာများ၊ ဝတ်စုံများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ခရိုင်အ…
Nov 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များအား စားသောက်ဖွယ်ရာများ၊ ဝတ်စုံများနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်း ရောင်ကျောင်းတိုက်ရှိ ဓမ္မာရုံတွင်ကျင်းပပြုလုပ် ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Nov 15,2022
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များအား စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ ဗဟုသုတရှာဖွေတတ်ကြစေရန်နှင့် ကျောင်းသားလူငယ်များအား ပြိုင်ပွဲများတွင် အလေထားဂရုတစ်စိုက် ယှဉ်ပြိုင်တတ်ကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် လစဉ်ပြိုင်ပွဲများအား ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေးနှင့် အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားနားလည်စေရန်ရည်ရွယ်၍ စာရေးဆရာ အောင်သင်းရေးသားသည့် “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” ခေါင်းစဉ်ဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17741
Page
17742
Page
17743
Page
17744
Current page
17745
Page
17746
Page
17747
Page
17748
Page
17749
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department