အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် လမ်းပန်းဆက်သွယ်ရေးလွယ်ကူသဖြင့် တောင်ကြီး၊ ပြင်ဦးလွင်မြို့တို့မှ ရောင်းချသောပန်များ မန္တလေးမြို့နှင့်အခြားမြို့ကြီးတွေကို တိုက်ရိုက်ဝယ်ယူ ရောင်းချရန်လွယ်ကူနေမှုကြောင့် ပန်းများယခင်ကထက်အဝင်များကာ ပန်းဝယ်သူများဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ကြောင်း ပန်းရောင်းသူဈေးသည် တစ်ဦးထံမှသိရသည်။
Jun 14,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အခြေခံပညာကျောင်းများ၏အခြေခံ လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်နှင့် တာဝန်ရှိသူများက
Jun 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ပြန်/ဆက်ဦးစီးဌာနရုံး Community Center တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ အ.ထ.က-ကျုံတာကျောင်းဝန်းအတွင်းရှိ အလျား (၁၂၀)ပေ၊ အနံ (၃၀)ပေရှိ RC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် ပြုလုပ်သည်။
Jun 14,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု
Jun 14,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စဉ်ကူးမြို့နယ်စည်ပင်သာယာခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁ဝး၀၀) နာရီကစ၍ အမှတ်(၄၄)အခြေခံပညာမူလတန်း‌ကျောင်း၌ ထိုးနှံပေးကြောင်း သိရသည်။
Jun 14,2022
ကရင်ပြည်နယ်၊မြဝတီခရိုင်၊စုကလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးအနေဖြင့် အများပြည်သူများအားအသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် Talk Show အား Online မှတဆင့် ထုတ်လွင့်တင်ဆက်ပေးနေသည်ဖြစ်ရာ ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show အား ယနေ့နံနက် ၁၁ နာရီက ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန Community Centerတွင် ကျင်းပပြုလုပ်ခဲ့သည်။