အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင်  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ယမန်နေ့ကကျရောက်သည့် (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အ.ထ.က(၁) ကျောင်းရွှေဂန္ဓမာခန်းမ၌ကျင်းပခဲ့သည်။
Nov 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ယမန်နေ့ နံနက်(၈)နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Nov 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ (သံလွင်) မှ တပ်မတော်ဆေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးခွန်ဇော်နှင့် ဆေးတပ်ဖွဲ့တို့သည် ယနေ့နံနက် ၇ နာရီက ငရုတ်ကောင်းမြို့သို့ ရောက်ရှိခဲ့ရာ ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြောင်း သိရသည်။
Nov 18,2022
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် လိုက်လံစစ်ဆေးခြင်း များ ပြုလုပ်ခဲ့သည်။
Nov 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သံဝဏ်လွှာဖတ်ပွဲ၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
Nov 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦးကူးစက်မှု လျော့နည်း စေရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုး နှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ​အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။