အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ကြက်​ခြေအနီအသင်းခွဲမှ ကြီးမှူး၍ ​ရှေးဦးသူနာပြု အ​ခြေခံသင်တန်းအမှတ်စဉ်(၄/၂၀၂၂)ကို ယမန်​နေ့မွန်းလွဲပိုင်းက က​လေးဝ​တောရ ဘုန်း​တော်ကြီး​ကျောင်း၌ ဖွင့်လှစ်ခဲ့​ကြောင်းသိရသည်။
Nov 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် လူငယ်များဘက်စုံဖွံဖြိုး တိုးတက်‌ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် ဇင်‌ယော်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုယနေ့မွန်လွဲ(၂)နာရီတွင် ကမာရွတ်မြို့နယ်ဇင်‌ယော် ကိုယ်ပိုင်အထက်တန်းကျောင်း အင်ကြင်းမြိုင်ခန်းမ၌ကျင်းပခဲ့သည်။
Nov 19,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကိုရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂ ရက်မှစတင်ပြီး ပွဲစဉ် ၁၈ ပွဲဖြင့် အပတ်စဉ်သောကြာနေ့ ညတိုင်းကျင်းပလျက် ရှိရာ ဒီဇင်ဘာ ၃၀ရက်အထိဆက်လက်ကျင်းပမည်ကြောင်းသိရသည်။
Nov 19,2022
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း ဝေးလံခက်ခဲသည့် နောင်မွန် မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့ကို ချိတ်ဆက်ထားသော မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ကဆန်ခ ချောင်းပေါ်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ တည်ဆောက်ထားပြီးစီးခဲ့သည့် တံတား အမှတ် (၂/၁) မဂွေဇတံတား အရှည်ပေ ၅၉၀ ပေ(၁၈၀ စင်တီမီတာ) တံတားသစ်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီက အဆိုပါ တံတား၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
Nov 19,2022
ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ရွှေတောင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centerခန်းမ၌ ယမန်နေ့နံနက်ပိုင်းက "မိုဘိုင်းဖုန်း ဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ်ရာ ရွှေတောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သတင်းလုပ်ငန်းဆောင်ရွက်သည့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Nov 19,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျေိာက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် ကျန်းမာရေးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စစ်ကြောင်းကြီး(၅)ကျောင်းဖြင့် ဒေသခံပြည်သူ များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းများကို၊ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန် က ဒေါင်းလည်ကျေးရွာအုပ်စု၊ ဒေါင်းလည်ကျေးရွာ သစ္စာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2022
ရှမ်းအမျိုးသားတို့၏ မျိုးချစ်စိတ်ဓါတ်ဖြင့် အစဉ်အဆက်ထိန်းသိမ်းလာခဲ့သော နေ့ထူးနေ့မြတ် တစ်နေ့ဖြစ် သည့် နတ်တော်လဆန်း(၁)ရက်နေ့တွင် ကျရောက်မည့် ရှမ်းသက္ကရာဇ်(၂၁၁၇)ခုနှစ် ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးနေ့အခမ်းအနားကို ရှမ်းရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် နမ့်ယွမ်း ဂေါက်ကွင်း၌ အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှသိရသည်။
Nov 19,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား(၃၀)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။