Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စဉ့်ကူးမြို့ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီလူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 18,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း မြို့ဝင်မြို့ထွက် စိမ်းလန်း စိုပြည်သာယာလှပစေရေး အတွက် မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီမှစ၍ စဉ့်ကူးမြို့အဝင် စဉ့်ကူး-လက်ပံလှ ကားလမ်းဘေးဝဲယာတလျှောက်နှင့် မန္တလေး-မိုးကုတ် ကားလမ်းဘေးဝဲယာ မိုင်တိုင် အမှတ် ၃၅/၅ မှ ၄၅/ ၆ အထိတို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 18,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်တွင် သစ်တောဦးစီးမှ ဦးဆောင်၍ ၂၀၂၂ခုနှစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲက ထုံးဘို-မြစ်ငယ်လမ်း လမ်းဘေးဝဲယာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ် စက်မှုသင်တန်းကျောင်း၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ
Jun 18,2022
ခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိ နားလည်နိုင်စေရေးနှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့ နံနက်(၈) နာရီအချိန်က ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာအုပ်စု၊ နန်းရာကုန်းကျေးရွာ အနီးရှိ စက်မှု သင်တန်းကျောင်းဝန်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားအား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ( ဆင့်ပွား…
Jun 18,2022
၂၀၂၂-၂၀၂၃ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွားသင်တန်း)ကို ဇွန်လ(၁၈) ရက် နံနက်ပိုင်းက မြိတ်မြို့ အထက(၁)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးနေကြာသီးနှံ မျိုးစေ့ထုတ်(ဆင်းရွှေကြာ-၂)စံပြစိုက်ခင်းအား မျိုးကောင်းမျိုးသန့်ရရှိရေး လက်တွေ့ကွင်းဆင်းပညာပေးခြ…
Jun 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်း စားသုံးဆီဖူလုံစေရေး၊ မိသားစုဝင်ငွေ တိုးတက်ရရှိစေရေး၊ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိစေရေးတို့အတွက် ရည်ရွယ်၍ ဆီထွက်သီးနှံနေကြာ သီးနှံများကို ဒေသခံအကျိုးဆောင်တောင်သူများနှင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဘော်ကြို ကျေးရွာ ဒေါ်နန်းဌေး၏ယာမြေတွင် (၂၇)ရက်သားရှိ မိုးနေကြာသီးနှံမျိုးစေ့ထုတ်(ဆင်းရွှေကြာ-၂) စံပြစိုက်ခင်းအား မြေဩဇာကျွေးခြင်း၊ ပေါင်းရှင်းခြင်းနှင့် ဘောင်တင်ခြင်းများကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြုပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ
Jun 18,2022
မြေဆီလွှာပျက်စီးမှုမှ ထိမ်းသိမ်းရန်၊ မြေသြဇာကောင်းမွန်ရန်နှင့် တောင်သူများအတွက် ရေရှည် အကျိုး ဖြစ်ထွန်းစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကာ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ရာသီအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြုပ် ထည့်သွင်းခြင်းနှင့် ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ပျဉ်ချဆိပ်အုပ်စုရှိ တောင်သူ ဦးကြည်ဝင်း၏ လယ်မြေအတွင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်
Jun 18,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက် သန္တိသုခဓမ္မာရုံအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သွပ်ပြားအချပ်(၂၀၀)ကာလတန်ဖိုးငွေ ကျပ်သိန်း(၇၀)ထောက်ပံ့လှူဒါန်းပေးအပ…
Jun 18,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်၌ သန္တိသုခဓမ္မာရုံအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သွပ်ပြားအချပ် (၂၀၀)ကာလတန်ဖိုး ငွေကျပ်သိန်း(၇၀) ထောက်ပံ့ လှူဒါန်းပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17612
Page
17613
Page
17614
Page
17615
Current page
17616
Page
17617
Page
17618
Page
17619
Page
17620
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department