အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2022
မော်တော်ယာဉ်ဖြင့် ခရီးသွားကြမည့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး အဝေးပြေးခရီးသည် တင်ယာဉ်လိုင်းများအား ဌာနဆိုင်ရာအဖွဲ့များဖြင့် လိုအပ်သည့် အသိပညာပေး စစ်ဆေးဆောင်ရွက်မှုများ ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Nov 20,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် လူဦးရေနှင့်အိမ်ထောင်စုစာရင်း တိကျမှန်ကန်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ရွှေတည် (၂ )ကွက်သစ်သို့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်၊ အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၊ မြသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် အမျိုးသမီးအသင်း Women Club နှင့်ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 20,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၏ မိုးစပါးအထွက်နှုန်းအား သိရှိစေရန် ရည်ရွယ်၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က နတ်မောက်မြို့နယ် ပ/လက္ခုပ္ပင်ကျေးရွာအုပ်စုကွင်း အမှတ်(၈၃၆)၊ ဦးပိုင်အမှတ်(၆၁) တောင်သူဦးလူလှ၏ ဆင်းသုခစပါး စိုက်ခင်းတွင် ကျင်းပခဲ့သည်။
Nov 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၉ နာရီက မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများနှင့် တွဲဖက်ဌာနဝန်ထမ်းများအား မီးဘေးအန္တရာယ် ကင်းဝေးစေရန် မိမိက စမီးလောင်မှုဖြစ်ပွားခြင်း မရှိစေရန် သတိထားရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန်များကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်ဦးမှ အသိပညာပေး ဟောပြောခဲ့သည်။
Nov 20,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာမှုလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား အင်္ဂလိပ်စာ ဘာသာစကား၊ ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကားပြော ကျွမ်းကျင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။