အမြို့မြို့အနယ်နယ်သတင်းများ

Nov 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်တရားများရရှိစေရန် စေတနာရှင်များ၊ အလှူရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒီသာများ ကျွေးမွေးလှူဒါန်းလျက်ရှိရာ ယမန်နေ့ညနေပိုင်းက လှိုင်ဘွဲမြို့ပေါ် (ဃ)ရပ်ကွက်၌ ဗလာမပါ ကံစမ်းမဲနှင့် စတုဒီသာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 21,2022
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ  စတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်ရန်ပုံ‌ငွေ ထုတ်ချေးခြင်းကို ဇလဲကျေးရွာအုပ်စု ၊ ကော်ပတ်ခြံကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်​အမှတ် (၁၀)ရပ်ကွက်တွင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အမှတ် (၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့ကြသည်။
Nov 21,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
Nov 21,2022
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးဆောင်ရွက်နေသည့်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဒေသထွက်ကုန်များ ထုတ်လုပ်နေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက လားရှိုးမြို့ ဦးစိုင်းဝင်း၊ "ဟုန်ဖေမုန့်တိုက်"သို့ သွားရောက် ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
Nov 21,2022
ပျော်ဘွယ်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် မြို့နယ်ကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များ ပူးပေါင်း၍ အခြေခံလူတန်းစားများ အဆင်ပြေချောမွေ့စေရန် အတွက် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းအား နိုဝင်ဘာလ(၂၁)ရက်၊ နံနက်(၆)နာရီခွဲက ပြည်သာယာရပ်ကွက်ရှိ သာသနာ့ဗိမာန်ဓမ္မာရုံအနီးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Nov 21,2022
မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။